လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရ

လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေ ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရ

တိုင်းရင်းသား လက်နက်ကိုင်ထိန်းချူပ်ဒေသက ပြည်သူတွေဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်မှာပါဝင်ဖို့  အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာလ (၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ်ရေးချောင်းဖျားက မွန်ပြည်သစ်ထိန်းချုပ်ဒေသမှာ လူဦးရေ (၁၈၀၀၀၀) ဝန်းကျင် ရှိပါတယ်။

အာ့ဒီဒေသက လူဦးရေ (၄)သောင်းကျော်ကတော့ ရွေးကောက်ပွဲတွေမှာ တစ်ကြိမ်တစ်ခါမှ ပါဝင်ခွင့် မရသူတွေလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်ထိန်းချုပ်ဒေသက ပြည်သူတွေဟာ မဲပေးခွင့်ရှိပေမယ့် ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာနည်းပါးတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်က ပြောပါတယ်။

“ သူတို့က ရွေးကောက်ပွဲအချက်အလက်တွေမရဘူး ရွေးကောက်ပွဲသင်တန်းတွေ မရဘူး။ရွေးကောက်ပွဲသတင်းနဲ့ပတ်သက်ပြီး ရပ်ကျေးကော်မရှင်ရုံးကိုပဲ မှီခိုနေရတယ်။ ဥပမာ ရွေးကောက်ပွဲကော်မရှင် facebook page တောင် သူတို့မသိဘူး ။ အခုမှ စပေးမယ့်လူငယ်တွေက သတင်းအချက်အလက် ရပေမယ့် စိတ်မဝင်စားကြဘူး ။ မဲစာရင်း ပါမပါ မကြည့်ကြဘူး”လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ညှိနှိုင်းရေးမှူး  မင်းဗညားအက်ဗန်က ပြောပါတယ်။

ရွေးကောက်ပွဲအတွေ့အကြုံနဲ့ မဲပေးခြင်းဆိုင်ရာ အသိပညာတွေ မရှိတာကြောင့် အရင်ရွေးကောက်ပွဲတွေမှာ ဒေသခံတစ်ချို့ ဆန္ဒမဲလာပေးပေမယ့် အများစုက ပယ်မယ်ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲဖြစ်စဉ်မှာ ဒေသခံတွေ အပြည့်အဝပါဝင်နိုင်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေ ၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးတာတွေကို ဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

“အထူးသဖြင့်တောင်းဆိုတာက လက်နက်ကိုင်ထိန်းချုပ်တဲ့ဒေသမှာ ဒီနေရာမှာ ရွေးကောက်ပွဲမယ် အစိုးရရယ် ကော်မရှင်ရယ် လက်နက်ကိုင်တွေရယ် တရားဝင်ဆွေးနွေးစေချင်တယ်” လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ညှိနှိုင်းရေးမှူး မင်းဗညားအက်ဗန်က ပြောပါတယ်။

ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းမှာတော့ မွန်ပြည်သစ်ထိန်းချုပ်ဒေသ ရေးချောင်းဖျားက ဒေသခံ (၂၀၀၀) နီးပါးလည်း မဲစာရင်းမှာ ပါဝင်လာပါတယ်။

ဒါပေမယ့် အနီးစပ်ဆုံးမဲရုံမှာ ဆန္ဒမဲလာပေးဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဒေသခံတွေရဲ့ မဲပေးမှုနှုန်းဟာ နည်းပါးမယ်လို့ ဒေသခံအဖွဲ့အစည်းတွေက သုံးသပ်ထားကြပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...