မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့အတူ  စားဝတ်နေရေး အခက်အခဲတွေကြောင့် မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသက ပြည်သူတွေမှာ မဲစာရင်းကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့  စိတ်ပါဝင်စားမှုနည်းပါး နေကြတာပါ။

အဆိုပါ ဒေသခံတွေကို သက်ဆိုင်ရာ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု နည်းပါးတာကြောင့် ဒေသခံလူမှုရေးအဖွဲ့တွေက ကို့အစီအစဉ်နဲ့ကို ရွေးကောက်ပွဲအသိပညာပေးမှုတွေ ဆောင်ရွက်နေရပါတယ်။

“ရပ်ကျေးကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေမယ့် လာကြည့်တဲ့သူက တော်တော်ကိုနည်းတယ်။ ရွာသူရွာသားအများစုက ရွေးကောက်ပွဲကို တစ်ကြိမ်လောက်ပဲ နဖူးတွေ့ ဒူးတွေ့တွေ့ဖူးကြတာ။ကိုယ့်စားဝတ်နေရေးကိုယ် ရှုပ်နေတာတစ်ကြောင်း ဒီဟာနဲ့ ပတ်သက်ပြီး လိုက်လံနှိုးဆော်တဲ့သူ မရှိတာက တစ်ကြောင်းပေါ့။ ကော်မရှင်ကတော့ အဆောက်အဦးတွေ ကျောင်းတွေမှာ ဒီအတိုင်းပဲကပ်ထားလိုက်တာပဲ လိုက်လံနှိုးဆော်တာ မရှိဘူး”လို့ ရေးမြောက်ပိုင်းကျေးရွာတွေမှာ  အသိပညာပေးဆောင်ရွက်နေသူ ကိုစောအောင်ရွှေဝင်းက ပြောပါတယ်။

ဒီဒေသခံတွေကိုတော့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲအသိပညာပေးမှုထက် မဲဆွယ်စည်းရုံးရေးတွေကိုသာ ဦးစားပေး ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

ရေးအရှေ့ပိုင်းကျေးရွာတွေဟာ  လမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့  အနီးစပ်ဆုံး မဲရုံမှာ ဆန္ဒမဲလာထည့်ဖို့ မိုင် ၃၀ ကျော်ခန့်ခရီးကို တစ်နေကုန်လာရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံတွေ ဆန္ဒမဲပေးနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်တို့က သွားလာရေးအဆင်ပြေအောင် စီစဉ်ပေးရင် မဲပေးမယ့်သူ တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပါတီတွေက သူတို့အောင်နိုင်ရေးအတွက် ကြိုပို့ အစီအစဉ်တွေ လုပ်မယ်လို့ ကြားမိတယ်။ ပါတီဖြစ်ဖြစ် ကော်မရှင်ဖြစ်ဖြစ် ကြိုပို့လုပ်ပေးရင် မဲပေးသူက ၂၀၁၅ ထက် ပိုများလာမယ်ထင်တယ်”လို့ ကံလှကျေးရွာဒေသခံ ကိုကျော်မျိုးထူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒီဒေသက မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ထက်ဝက်ခန့်သာ ဆန္ဒမဲလာပေးခဲ့ကြတာပါ။

လာမယ့်ရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်အတွင်း  ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းကျော်ရှိ ပါတယ်။

သတင်း – ရဲနိုင်

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...