မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်

မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်

မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေဟာ ရောက်တဲ့အရပ်မှာ မဲပေးနိုင်ဖို့အတွက် အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။

အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးနိုင်ပါတယ်။

ဒီလိုမဲပေးနိုင်ဖို့အတွက် မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ (၃-က) နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

“ ရက်ပိုင်းကိုးဆယ်ထက်မနည်း နေထိုင်ခဲ့မယ်ဆိုရင် မဲပေးခွင့်ရဖို့အတွက် ပုံစံ (၃-က)နဲ့ လျှောက်ထားလို့ရပါတယ်။ ဒီဟာကိုတော့ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ရမှာပါ” လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဌေးလွင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် ခရီးသွားကန့်သတ်မှုတွေရှိနေတဲ့အတွက် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို ပြန်ပြီး မဲပေးဖို့ အခက်အခဲနေရှိနေတာပါ။

ရေးမြို့နယ်အတွင်းမှာတော့ မဲဆန္ဒနယ်ပြင်ပရောက်သူတွေများတဲ့အတွက် သူတို့ မဲပေးခွင့်ရရှိအောင် ပါတီ ကိုယ်စားလှယ်လောင်းတွေက ဆောင်ရွက်ပေးနေပါတယ်။

“ရေးတောင်ပိုင်းမှာက ရွှေ့ပြောင်းလုပ်သားတွေ တော်တော်များတယ်။လက်ရှိဥပဒေအရ ရက်ပေါင်းကိုးဆယ်နေထိုင်ရင် မဲပေးခွင့်ရှိတယ်ဆိုတဲ့ဥပဒေအတိုင်း မဲပေးနိုင်အောင် ကြိုးစားပေးနေတာတွေရှိတယ်”လို့ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါတယ်။

ပုံစံ (၃-က) နဲ့ လျှောက်ထားသူတွေရဲ့ မဲစာရင်းကိုတော့ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုမှာ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးတွေမှာ ကပ်ထားကြေညာပေးမှာဖြစ်ပြီးတော့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...