ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်တိုက်တွန်း

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်တိုက်တွန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ၊၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်က မဲပေးပိုင်ခွင့်ရှိသူ တစ်ဝက်ကသာ ဆန္ဒမဲ ပေးခဲ့ပါတယ်။

 ဆန္ဒမဲမပေးသူတွေထဲမှာ အမျိုးသမီးတွေက အများဆုံးဖြစ်နေတာကြောင့် အခုလို တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေတာလို့  မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောပါတယ်။

“မဲစာရင်းမှာရှိတဲ့အမျိုးသမီးထဲမှာ မဲလာပေးတဲ့ အမျိုးသမီးက တော်တော်နည်းတယ်။ အခုလို ကိုဗစ်ကာလမှာလည်း မဲထွက်မပေးမှာကို ကျွန်မတို့ စိုးရိမ်တယ်။ ရောဂါကို ကာကွယ်ရင်း မဲလည်းထွက်ပေးကြဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ ဆန္ဒမဲပေးသူ နည်းခဲ့တာကြောင့် အခုလို ကိုဗစ်ကာလ ရွေးကောက်ပွဲမှာလည်း ဆန္ဒမဲပေးသူ ပိုမိုနည်းမှာကို ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။

“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ မဲလာပေးတယ်။ လူထုအခက်အခဲတွေက အများကြီးပါ စားဝတ်နေရေး ပြသနာတွေ ။ အခုလို ကိုဗစ်ကာလမှာ မဲလာထည့်ဖို့  ကြောက်နေမှာကို စိုးရိမ်တယ်”လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း နိုင်စံတင်က ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ရွေးကောက်ပွဲဆိုင်ရာ  ပညာပေးအစီအစဉ်တွေ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့တာကြောင့် ပေးတဲ့မဲတွေက ပယ်မဲဖြစ်သွားမှာကိုလည်း ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈) သိန်းနီးပါးရှိပြီး တစ်သိန်းကျော်ကတော့ ယခုမှ စတင်မဲပေးမယ့် လူငယ်တွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...