ပါတီကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ မွန်ပါတီအောင်နိုင်ရေးအဖွဲ့ သတိပေး

ပါတီကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ မွန်ပါတီအောင်နိုင်ရေးအဖွဲ့ သတိပေး

မွန်ညီညွတ်ရေးပါတီဝင်တွေအနေနဲ့ ပါတီကရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ ပါတီအောင်နိုင်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။

မဲဆွယ်စည်းရုံးတာတွေကို လုပ်ဆောင်ရာမှာ ပါတီဝင်အချို့ဟာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကို ဝန်းရံနေတာကြောင့်  မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတွေက အခုလို သတိပေးပြောဆိုလိုက်တာပါ။

“ပါတီဝင်တွေက ရင်းနှီးရာရင်းနှီးကြောင်း ဝန်းရံကူညီနေတာကိုတွေကို တွေ့နေရတယ်။ ပါတီဝင်တွေအနေနဲ့ ဒီလိုမလုပ်ကြဖို့ပေါ့ ပါတီကိုပဲ ဝန်းရံကြဖို့ပေါ့”လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ မင်းအောင်မွန်က ပြောပါတယ်။

ဒေသခံတွေကြိုက်နှစ်သက်သူတွေဟာ ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါခဲ့တဲ့နောက်မှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် အခုလို ဝန်းရံနေတာဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီဝင် ဦးမင်းမင်းနွယ်က သုံးသပ်လိုက်ပါတယ်။

“ ဒေသခံတွေ ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေကို ဗဟိုက ပယ်ချခဲ့တာတွေရှိတယ်။ ဒီလိုအရွေးမခံရတဲ့ ကိုယ်စားလှယ်တွေက တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်တာတွေ ရှိတယ်။ သူတို့ကြိုက်တဲ့သူကို ဝန်းရံတဲ့အခါ တစ်သီးပုဂ္ဂလနဲ့ ပါတီအကြား မဲကွယ်သွားပြီး အခြားသူတွေ ရသွားမှာစိုးလို့ ပါတီကိုပဲ ဝန်းရံဖို့ ပြောတာပါ”လို့ ဆိုပါတယ်။

မွန်ပါတီကို ထောက်ခံတဲ့ ရဟန်သံဃာနဲ့ ပြည်သူတွေဟာ ပါတီက တာဝန်ပေးချမှတ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ  အသိအမှတ်ပြုဖို့သင့်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယီတမကလည်း ပြောပါတယ်။

“မွန်တစ်ပါတီတည်းဖြစ်အောင် ပြည်သူတွေကပဲ တောင်းဆိုချင်တယ်။ အာ့ကြောင့် ကျွန်တော်တို့ ပေါင်းခဲ့ပြီးပြီး . ကျွန်တော်တို့က တာဝန်ပေး ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မွန်တိုင်းရင်းသားပြည်သူတွေက အသိအမှတ်ပြုသင့်တယ်”လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မွန်၊ကရင်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့မှာ ရွေးကောက်ပွဲဝင်ပြိုင်သွားမှာဖြစ်ပြီး  မွန်ပြည်နယ်မှာတော့ ကိုယ်စားလှယ်လောင်း ၃၅ ဦး ၊ အခြားတိုင်းနဲ့ ပြည်နယ် ၅ ခုမှာတော့ ကိုယ်စားလှယ်လောင်း ၆၅ ဦး ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...