စစ်တွေရှိ လုပ်အားပေး မွတ်ဆလင်ကျောင်းဆရာ လေးရာကျော် လစာမရသည့်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်

စစ်တွေရှိ လုပ်အားပေး မွတ်ဆလင်ကျောင်းဆရာ လေးရာကျော် လစာမရသည့်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်

ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အစိုးရကျောင်းများနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ယာယီတာဝန် ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်း(Volunteer) မွတ်ဆလင်ကျောင်းဆရာ၊ ဆရာမဦးရေ လေးရာကျော်သည် လစာမရသောကြောင့် စားဝတ်နေရေးအခက်အခဲများ ရှိနေကြောင်း သိရသည်။

အဆိုပါ မွတ်ဆလင် ဆရာ၊ဆရာမ စုစုပေါင်း(၄၃၂)ဦးမှာ လစာမရရှိသည်မှာ သုံးလရှိပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အစိုးရက ခန့်ထားတဲ့ Volunteer က တစ်ယောက်မှ လစာမရသေးပါဘူး။ အခုက လစာမရတာ ၆ လပိုင်းကနေ စပြီးတော့ အခုချိန်ထိ လာမပေးဘူးဆိုတော့ ကျနော်တို့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေပါတယ်” ဟု အမည်  မဖော်လိုသော အလယ်တန်းပြ မွတ်ဆလင်ဆရာတစ်ဦးက ပြောသည်။

၎င်း Volunteer ကျောင်းဆရာ၊ဆရာမများမှာ ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်သင်ကြားလာကြခြင်းဖြစ်သည့်အတွက် တခြားအလုပ်လုပ်ကိုင်ရန်လည်း အဆင်မပြေကြောင်း ထောက်ပြပြောဆိုသည်။

“ကျနော်တို့က အစကတည်းက ဒုက္ခသည်တွေဖြစ်နေကြတယ်၊ ဆိုတော့ နှစ်စဉ်နှစ်တိုင်း အဲဒီအလုပ်ကိုပဲ လုပ်နေ ကြတာဖြစ်တဲ့အတွက် အဲဒါကိုပဲအားကိုးပြီးတော့ တခြားအလုပ်လည်းမရှိပါဘူး” ဟု မူလတန်းပြ ဆရာတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ကိုဗစ်ကြောင့် ကျောင်းများကိုပိတ်ထားရသည့်အတွက် Volunteer ခန့်ထားသည့် စေတနာဝန်ထမ်းများကို လစာပေးရန် ရှိ၊ မရှိ အထက်မှညွှန်ကြားချက် မရသေးကြောင်း စစ်တွေမြို့နယ်ပညာရေးမှူး ဦးအေးသန်းက ပြောသည်။

“သူတို့က စေတနာဝန်ထမ်းခန့်တာဖြစ်တဲ့အတွက် ပုံမှန်ကျောင်းဖွင့်ရင်တော့ ပေးပါတယ်။ အခုနှစ်ကျတော့ ကျောင်းကမဖွင့်ရတော့ မပေးဘူးထင်တယ်။ အခုနှစ်မှာတော့ ကျောင်းဖွင့်မှပေးမှာလား၊ ဒါမှမဟုတ် မပေး ဘူးလားဆိုတာတော့ ညွန်ကြားချက် တစ်ခုမှ မရှိသေးပါဘူး” ဟု ဆိုသည်။

စစ်တွေမြို့နယ်ရှိ ဘုမေ၊ သက္ကယ်ပြင်၊ သင်္ဂနက် စသည့် မွတ်ဆလင်ကျေးရွာများတွင် အစိုးရစာသင်ကျောင်း (၂၂)ကျောင်းနှင့် ဒုက္ခသည်စခန်းရှိ ယာယီကျောင်း (၁၉)ကျောင်းခန့်တွင် မွတ်ဆလင် ဆရာ၊ ဆရာမများကိုသာ Volunteer အဖြစ်ခန့်အပ်ကာ စာသင်ပေးနေခြင်းဖြစ်သည်။

ပုံစာ - စစ်တွေမြို့ရှိ ဘုမေ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်နေရာအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...