ရခိုင်တွင် လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်ရေး လူငယ်တွေ့ဆုံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်

ရခိုင်တွင် လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်ရေး လူငယ်တွေ့ဆုံမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်

ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား အပြုသဘောဆောင်သည့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြသည်။

ဩဂုတ်လကုန်ပိုင်းကလည်း ကျောက်တော်မြို့နယ်အတွင်း ရခိုင်၊ မြို၊ သက္ကမ၊ ခမီ၊ မွတ်ဆလင်နှင့် ဟိန္ဒူဘာသာ ဝင် လူငယ် ၁၀၀ ခန့် စုပေါင်း၍ ရင်းနှီးတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ကြသည်။

ဦးဆောင်ကျင်းပသူတစ်ဦးက “ရည်ရွယ်ချက်က အာရက္ခဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်တွေ ပူးပေါင်း ပါဝင်မှု အားကောင်းလာအောင် ဖြစ်ပါတယ်။ ပြီးနောက် ရခိုင်ပြည်ထဲက လူငယ်တွေ ရင်းနှီးတွေ့ဆုံမှုဖြစ်အောင် ကျင်းပရတာဖြစ်ပြီး အနာဂတ်မှာ အေးချမ်းသာယာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းအောင် ရည်ရွယ်ပါ တယ်” ဟု ပြောသည်။

လူငယ်များ တွေ့ဆုံရာ၌ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံတမ်းများကို ရင်းနှီးကျွမ်းဝင်စွာ နှီးနှော ဖလှယ်ကြပြီး ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် လူမျိုးစုအသီးသီးအကြား စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေကာ အနာဂတ်တွင် သဟဇာတကျကျ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပဋိပက္ခများ လျှော့ချရေးအတွက် များစွာ အထောက်အကူပြုကြောင်း ဆိုကြသည်။

မွတ်ဆလင်လူငယ်တစ်ဦးဖြစ်သူ ကိုမောင်မောင်သန်းက “ကျနော်တို့ မွတ်ဆလင်တွေက ရခိုင်ပြည်မှာ အခုမှ ပေါ်ပေါက်နေထိုင်လာကြတာ မဟုတ်ပါဘူး။ ရှေ့အခါကပင် တခြား မျိုးနွယ်စုတွေနဲ့ တစ်မြေတည်းနေ တစ်ရေ တည်း သောက်ပြီး နေထိုင်လာကြတာပါ။ အခုလို ရိုးရာ ယဉ်ကျေးမှုတွေကို ဖလှယ်ခွင့်ရတာက ရေရှည်မှာ လူမှုသဟဇာတကို များစွာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာလည်း အခုလိုပွဲတွေကို ပြုလုပ်ခြင်းက ပဋိပက္ခတွေကို လော့ချပြီး ယုံကြည်မှုကို တိုးပွားစေပါတယ်” ဟု ပြောသည်။

ထို့ပြင် အာရက္ခပြည် တည်ဆောက်ရေးတွင် မတူကွဲပြားသည့် လူမျိုးစုများအကြား လူမှုသဟဇာတဖြစ်ရေးမှာ အဓိကကျသဖြင့် အာရက္ခပြည်သူ့အစိုးရ (ULA) အနေဖြင့်လည်း လူမျိုးစုငယ်များအရေးကို အလေးထား ဆောင် ရွက်သင့်ကြောင်း လူငယ်များက ထောက်ပြထားကြသည်။

သက္ကမလူငယ်တစ်ဦးဖြစ်သူ ကိုအောင်လင်းက “အာရက္ခပြည်သူ့အစိုးရထံမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန် ရှိသူတွေလည်း လူမျိုးစုငယ်တွေကို ဂရုစိုက်ပြီး လူမှုသဟဇာတဖြစ်ရေးတွေကို ဆောင်ရွက်ရပါမယ်” ဟု ပြော သည်။

အလားတူ လူငယ်တွေ့ဆုံဆွေးနွေးပွဲများကို မောင်တောခရိုင်အတွင်း၌လည်း မကြာခဏ ပြုလုပ်လျက်ရှိသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အတွင်းရှိ စုံလင်ကွဲပြားသည့် လူမျိုးစုများအကြား လူမှုသဟဇာတ ဖြစ် စေရေး ကြိုးပမ်းဆောင်ရွက်နေပြီး ဒေသတွင်း အုပ်ချုပ်ရေးယန္တရားများတွင်လည်း လူမျိုးစု အားလုံးပါဝင် အောင် လက်တွဲဆောင်ရွက်လျက်ရှိသည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...