စစ်တွေ - ဝီရဌာနီ (ပေါက်တော) အစပ်၌ စစ်အုပ်စုတပ်နှင့် AA တို့ လက်နက်ကြီးတိုက်ပွဲ ပြင်းထန်

စစ်တွေ - ဝီရဌာနီ (ပေါက်တော) အစပ်၌ စစ်အုပ်စုတပ်နှင့် AA တို့ လက်နက်ကြီးတိုက်ပွဲ ပြင်းထန်
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)

ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ကြား နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

စစ်တွေ - ပုဏ္ဏားကျွန်း အစပ်တွင် စက်တင်ဘာလ ၄ ရက်နေ့ တိုက်ပွဲစတင်သည့်နေ့မှစ၍ စစ်တွေ - ဝီရဌာနီ (ပေါက်တော) အစပ်တွင်လည်း နှစ်ဖက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

ဝီရဌာနီမြို့နယ် ဆင်တက်မော်ကျေးရွာသားတစ်ဦးက “တစ်ရက်ကို ရာနဲ့ချီပြီး ပစ်ခတ်သံတွေ ကြားရပါတယ်။ အဓိကတော့ ဝီရဌာနီ (ပေါက်တော) မြို့နယ်က ကျေးရွာအနီးတွေမှာ ကျရောက်ပေါက်ကွဲမှုတွေ ရှိပါတယ်။ စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို ပစ်ခတ်တာတွေလည်း ရှိပါတယ်။ စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာဆိုရင် လက်နက်ကြီး ပစ်သံက တစ်ရာကျော်မယ် ထင်ပါတယ်။ စစ်တပ်ဘက်ကတော့ စစ်တွေ တပ်ရင်းနဲ့ နေဗီတွေမှ ပစ်ခတ်တာပါ” ဟု ပြောသည်။

စစ်တွေဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ မြေငူကျွန်း (ဆံတော်ရှင်) ကျွန်းဦးသို့ ကျရောက် ပေါက် ကွဲမှုများ ရှိနေပြီး လူထိခိုက်မှု ရှိ၊ မရှိကို အတိအကျ မသိရသေးပေ။

စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း အန္တရာယ်ကို စိုးရိမ်သဖြင့် စစ်တွေအနီး ဝီရဌာနီမြို့နယ်မှ ကျေးရွာများဖြစ်သည့် ဆင်တက်မော်၊ ဆင်အိုင်၊ သဲခုံ၊ တောတန်း၊ ဂြင်းချောင်းနှင့် ကြိမ်နီပြင် စသည့် ကျေးရွာ များမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

မြေငူကျွန်း (ဆံတော်ရှင်) ကျွန်းဦးနှင့် အလယ်ဖရုံကာကျွန်း (ပိန္နဲချောင်းကျွန်း) ဦးဖျားရှိ ကျေးရွာများမှ ဒေသခံ များမှာ ငါးဖမ်းလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုတပ်၏ လက်နက်ကြီးများ၊ စစ်သင်္ဘောများမှ ပစ်ခတ်မှုများကြောင့် ပင်လယ်ပြင်သို့ မထွက်နိုင်သဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဝီရဌာနီ (ပေါက်တော) ဒေသခံ အမျိုးသားတစ်ဦးက “ပေါက်တော (ဝီရဌာနီ) မြို့နယ်ဘက်ကိုတော့ နေဗီတွေက နေ နေ့စဉ် ရက်ဆက် ပစ်ခတ်မှုတွေ ရှိပါတယ်။ နေဗီက ပစ်ခတ်မှုတွေကြောင့် ငါးဖမ်းလို့ မရဘူး။ ဒီဘက်မှာက ရေလုပ်ငန်းကို အဓိကအားထားရတာဖြစ်လို့ ရှာဖွေစားသောက်ရေးမှာ အခက်အခဲတွေရှိပါတယ်” ဟု ပြော သည်။

စစ်တွေမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် AA တို့ကြား စက်တင်ဘာလ ၄ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေ ပြီး နေ့စဉ်နှင့်အမျှ လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်လျက်ရှိသည်။

စစ်တွေမြို့ကို အာရက္ခတပ်တော်က ပိတ်ဆို့တိုက်ခိုက်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုကဲ့သို့ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း မရှိပေ။ စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၌ ခြေကုပ်ရယူရန် ထိုးစစ်ဆင်လာသဖြင့် ပိုမိုပြင်းထန်သော နှစ်ဖက်တိုက်ပွဲသို့ ဦးတည်လာခြင်းလည်း ဖြစ်သည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...