အချုပ်သားများ လွတ်လပ်စွားမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

အချုပ်သားများ လွတ်လပ်စွားမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

မင်းထွန်း — အချုပ်သားများ လွတ်လပ်စွာမဲပေးခွင့်ရရှိရေး အကျဉ်းထောင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ယခုနှစ် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ အချုပ်သား ၂၈၄ ဦးရှိပြီး ထိုအချုပ်သားများ အနေဖြင့် ခြိမ်းခြောက်မှု၊ သြဇာလွှမ်းမိုးမှုမရှိ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် စီမံခန့်ခွဲရန် အကျဉ်းထောင် တာဝန်ရှိသူများကို ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“အကျဉ်းသားတွေကို မဲရုံပုံစံလေးတွေဖွင့်ပြီးမဲပေးခိုင်းမှာပါ။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးရမယ်။ ခြိမ်းခြောက်မှု၊ သြဇာလွှမ်းမိုးမှုမပါဘဲနဲ့ သူတို့စိတ်သဘောထားအတိုင်း စိတ်ကြိုက်ပေးလို့ရအောင် သက်ဆိုင်ရာထောင်မှူး တွေက စီမံခန့်ခွဲပေးရမှာပေါ့။ ဒီစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သူတို့ကို ညွှန်ကြား ထားပြီးသားပါ” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် မဲပေးခွင့်ရှိသည့်အချုပ်သား စစ်တွေတွင် ၆၂ ဦး၊ မြောက်ဦးတွင် ၂၈ ဦး၊ မြေပုံတွင် ၁၄ ဦး၊ ကျောက်ဖြူတွင် ၆၃ ဦး ၊ သံတွဲ ၂၉ ဦးနှင့် မောင်တောတွင် ၁၈ ဦးအပါအဝင် တခြားသောမြို့နယ်များတွင် အနည်းငယ်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဒုတိယအကြိမ်ကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းတွင် ရခိုင်ပြည်နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆၄၇၀၀၀ ကျော်ရှိပြီး မဲရုံစုစုပေါင်း ၂၅၉၆ ရုံဖွင့်လှစ်ရန် စီစဉ်ထားကြောင်းသိရသည်

စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...