Wuntho Resources ကုမ္ပဏီက ဧကသောင်းနှင့်ချီသတ္တုရှာဖွေခွင့်အတွက်ဒေသခံများကန့်ကွက်ဖို့ပြင်ဆင်နေ

Wuntho Resources ကုမ္ပဏီက ဧကသောင်းနှင့်ချီသတ္တုရှာဖွေခွင့်အတွက်ဒေသခံများကန့်ကွက်ဖို့ပြင်ဆင်နေ

ဗန်းမောက်မြို့နယ်အတွင်းတွင် Wuntho Resources ကုမ္ပဏီက ဧကသောင်းနှင့်ချီ သတ္တုရှာဖွေခွင့်အတွက် ဒေသခံများက ကန့်ကွက်ဖို့အတွက် ပြင်ဆင်နေကြောင်းသိရသည်။

ထိုလုပ်ကွက်မြေနေရာအတွက် မြေလွှတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ ကန့်ကွက်သူများရှိရင် ခိုင်လုံသောသက်သေများဖြင့်ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်သူမရှိပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနက(ဗန်းမောက်)က စက်တင်ဘာလ (၂၁) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားခဲ့သည်။

“ကန့်ကွက်ချင်ကြတယ်။ ဦးဆောင်တဲ့သူမရှိကြဘူး။ သူတို့စိတ်ထဲမှာတော့ မဖြစ်သေးဘူး။ ကန့်ကွက်ရမယ်ဆိုတာတော့ သိကြတယ်။ဒါပေမယ့် ဘယ်လိုလုပ်ရမယ်၊ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ဦးဇင်းတို့သွားတဲ့ အခါမှ ကန့်ကွက်ကြမယ်ဆိုတဲ့ အာဘောင်အာရင်းသန်သန်နဲ့ လုပ်ကြတယ်” ကန့်ကွက်မှုအတွက်ဦးဆောင်ဆရာတော် အရှင်ဓမ္မာလောက ကမိန့်ကြားသည်။

ဗန်းမောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု နှင့် စာရင်းအင်းဦးစီးဌာန၏ ကန့်ကွက်နိုင်မှုအကြောင်းကြား စာတွင်  ကျေးရွာ၁၂  ရွာရှိပြီး (၃၆၄၉၁) ဧက ရှိသည်။

ကန့်ကွက်နိုင်မှုကျေးရွာစာရင်းတွင်  စာခမ်း ၊ စီကတောင် ၊ ယာယူး၊ မံယူကြီး ၊ မံယူပေကုန်း ၊ပင်ဟင်းခါး၊ ဟဲချိန် ၊ ပန်းတော ၊ မံလောင်ပေပင်၊ မံစီကြီး၊ နောင်ပတ်၊ နမ့်မားကျေးရွာတို့ပါဝင်ကြောင်း သိရသည်။

Wuntho Resources ကုမ္ပဏီသည် ဝန်းသို ၊ ပင်လည်ဘူး ၊ ဗန်းမောက်မြို့နယ်များတွင် ရွှေ။ ကြေးနီနှင့် သတ္တု စမ်းသပ်ရှာဖွေရေးအတွက် ဧက သုံးသိန်းခုနှစ်သောင်းကျော် လုပ်ငန်းလိုင်စင်ရရှိထားကြောင်း ကုမ္ပဏီက မေလက ကြေညာခဲ့သည်။

ထိုထဲမှာ ဗန်းမောက်မြို့နယ်တွင် ဧက တစ်သိန်းသုံးသောင်းကျော်ပါဝင်ကြောင်း Wuntho Resources ကုမ္ပဏီ၏ အစီရင်ခံစာအရသိရသည်။

“ ဝန်းသိုရီဆော့ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘူး နောက် ARA ဆိုတဲ့ကုမ္ပဏီကတည်းရှိသေးတယ်။ အဲ့တာလည်း ဧက သုံးသောင်းကျော်လောက်ရှိတယ်။ ဗန်းမောက်မြို့နယ်က ကုမ္ပဏီနှစ်ခုကိုကန့်ကွက်ရသလိုဖြစ်သွားတယ်” ဟု ၎င်းကဆက်လက်မိန့်ကြားသည်။  

ထို့အပြင် ဗန်းမောက်မြို့နယ်အတွင်းတွင်  Access Resource Asia ကုမ္ပဏီကလည်း ဗန်းမောက်အနောက်ဘက်ခြမ်းတွင် မြေဧက ( ၃၄၉၄၄) ဧက အတွက် ရွှေနှင့်ဆက်စပ်သတ္တုစမ်းသပ်ရှာဖွေရန်အတွက် မြေလွှတ်မြေရိုင်း အသုံးပြုခွင့်ကို လျှောက်ထားကြောင်း သိရသည်။

Access Resource Asia ကုမ္ပဏီသည် ဩစတြေးလျနိုင်ငံသားပိုင် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်ပြီး ဗန်းမောက်မြို့နယ်တွင် ဧက ရှစ်သောင်းကျော် လျှောက်ထားကြောင်း ၎င်းတို့၏ Website တွင်ဖော်ပြထားသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...