မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို

မွန်အမျိုးသားကျောင်း ဆရာတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ တောင်းဆို
သတင်း – ဝင်းနိုင်သက်
သတင်း – ဝင်းနိုင်သက်

မွန်အမျိုးသားပညာရေးကျောင်းတွေက ဆရာ ဆရာမတွေကို အစိုးရမှ လစာထောက်ပံ့ပေးဖို့ အပါအဝင် အချက်သုံးချက်ကို တောင်းဆိုထားတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။

ဒေသခံတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဘဏ္ဍာရေးအခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး အစိုးရ ကျောင်းဆရာတွေကို ပေးတဲ့ လစာရဲ့ (၄၀)ရာခိုင်နှုန်းကို မွန်အမျိုးသားကျောင်းဆရာတွေကို ထောက်ပံ့ပေးဖို့  ၊မွန်အမျိုးသားကျောင်းတွေလည်း အစိုးရရဲ့ထောက်ပံ့မှု ရရှိဖို့ နဲ့ ပျက်စီးယိုယွင်းနေတဲ့ ကျောင်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ အစရှိတာတွေကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

“အကုန်လုံးညိနှိုင်းထားပြီးပြီး သဘောတူတယ် ။ အဓိကတော့ ကျောင်းဆရာတွေရဲ့ ထောက်ပံ့လစာကို (၄၀) ရာခိုင်နှုန်းလောက် ပေးဖို့ပေါ့။ ဥပမာ အစိုးရ ကျောင်းဆရာတွေက တစ်သိန်းရှစ်သောင်းရရင် အာ့တာရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးဖို့ပေါ့ ကျန်တာက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ပေးမယ်ပေါ့”လို့ မွန်အမျိုးသားကျောင်း တာဝန်ခံဆရာ မင်းအောင်ဇေက ပြောပါတယ်။

မွန်အမျိုးသားကျောင်းတွေဟာ မြန်မာစကားနားမလည်တဲ့ ဒေသခံ တိုင်ရင်းသား ကလေးတွေကို မိခင်မွန်ဘာသာစကားအခြေပြုကာ မူလတန်းအဆင့်မှစတင်ပြီးတော့ မြန်မာစကားကိုသင်ကြားပေးနေတာ ဖြစ်ပါတယ်။

မူလတန်းပြီးမြောက်ပါက မြန်မာစကားတတ်မြောက်ပြီးဖြစ်လို့ အလယ်တန်းအဆင့်မှာ မွန်စာနဲ့ မွန်သမိုင်းကို ထပ်ဆောင်းဘာသာအနေနဲ့ သင်ကြားနေသလို အစိုးရသင်ရိုးညွှန်းတမ်းတွေကိုလည်းသင်ကြားပေးနေတာ ဖြစ်ပါတယ်။

မွန်အမျိုးသားကျောင်းတွေရဲ့ ဆရာ ဆရာမတွေဟာ လစာနည်းပါးတဲ့အပြင် အစိုးရရဲ့ အသိအမှတ်ပြုမှုကိုလည်း မခံရတာကြောင့် စေတနာရှေ့ထားပြီးတော့သာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“ဆရာတွေက စေတနာ ရှေ့ထားပြီးတော့ လုပ်နေကြတာပါ လစာက နည်းတယ်လေ အစိုးရရဲ့ အသိမှတ်ပြုမှုကိုလည်း မခံရဘူး စိတ်ဓာတ်နဲ့ပဲ လုပ်နေရတာပါ” လို့ မွန်ပညာရေးဌာန(ဗဟို)တာဝန်ခံ မိစာထားက ပြောပါတယ်။

မွန်  ကရင် တနင်္သာရီ ဒေသတွေမှာတော့ မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ဆရာ ဆရာမ ၇၀၀ ကျော်နဲ့ ကျောင်းသူကျောင်းသား တစ်သောင်းကျော်တို့က ပညာသင်ကြားနေပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...