နယ်လှည့်ဆေးကုမှုကို ပိတ်ပင်မှုကြောင့် ကျေးလက်ပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်မည်ကိုစိုးရိမ်

နယ်လှည့်ဆေးကုမှုကို ပိတ်ပင်မှုကြောင့် ကျေးလက်ပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ထိခိုက်မည်ကိုစိုးရိမ်

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့များကို ကျေးလက်ဒေသများသို့ လာရောက်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် တောင်ပေါ်ဒေသရှိပြည်သူများ၏ ပုံမှန်ကျန်းမာရေးစောင့်ရှောက်နေမှုအခြေအနေအတွက် စိုးရိမ်ကြောင်း KBHWT အဖွဲ့က ဆိုသည်။

Covid-19 ဒုတိယလှိုင်ပြန်စလာသည့် ပြီးခံသော သြဂုတ်လ လကုန်ပိုင်းမှစတင်ပြီး Kachin Back Pack Health Worker Team ကို နယ်လည့်ဆေးကုသရန် အစိုးရက ခွင့်မပြုတော့သဖြင့် ကျေးလက်ဒေသ ပြည်သူများ၏ကျန်းမာရေး အသက်အန္တရယ် ထိခိုက်လာနိုင်သည်ဟု ပြောသည်။

“တောင်ပေါ်ဒေသတွေမှာက COVID မဟုတ်ဘဲ အခြားနာတာရှည်ရောဂါ၊ ဆေးနှင့်ဘဲအသက်ရှင်နေရတဲ့သူတွေ ဆေးထုတ်စားနေရတဲ့သူတွေရှိတယ်။ ပြီးရင် ရာသီအလိုက် အော့အန် ဖျားနာခြင်းတွေ အမြဲရှိနေတာဖြစ်တယ်။ ဒီလိုမျိုးသူတွေကို ရည်ရွယ်ပြီး ကျွန်တော်တို့ Outreach ထွက်ရတာဖြစ်တယ်။ ဒါပေမဲ့ ခုလို outreach ထွက်ခွင့် ပိတ်ပင်မှုတွေရှိလာတဲ့ချိန်ကျတော့ ပြည်သူတွေမှာ ဘယ်လိုနည်းနှင့် ရှေ့ဆက်မလဲ ဆိုပြီး စဉ်းစားရမဲ့အပိုင်းတွေရှိလာတယ်။” ဟု ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ (BACKPACK) မှ Mr.Zet က ပြောသည်။

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (BackPack) မှာ တနိုင်းမြို့နယ်အတွင်း ရှိန်ဗွေယန်၊ အောင်လောဒ့်၊ နာဂတောင်တန်း၊ ဖားကန့်မြို့နယ်တွင်းရှိ ကျေးလက်ဒေသများ၊ အင်ဂျန်ယန်၊ ဆွမ်ပရာဘွမ် စသည့်နေရာများထိ သွားရောက်ကာ ကျေးလက်ပြည်သူများ၏ကျန်းမာရေးကို နယ်လှည့်စောင့်ရှောက်နေသောအဖွဲ့ဖြစ်သည်။

ယခုကဲ့သို့ ပြုလုပ်လိုက်ခြင်းကြောင့် တောင်ပေါ်ဒေသပြည်သူများအတွက် အခက်အခဲများဖြစ်သွားစေသဖြင့်

နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့များအား ပိတ်ပင်ခြင်းမပြုရန် တောင်းဆိုထားသည်။

“ကျွန်တော်တို့မှာ အစိုးရတွေအနေနဲ့ ကျန်းမာရေးကောင်းတယ်၊ သွားလို့ရတယ်ဆိုတဲ့ ညွန်ကြားချက်ကို လိုက်နာပြီးမှ သွားတဲ့သူတွေဖြစ်တဲ့အတွက် ဆေးကုသပေးတဲ့ချိန်မှာလည်း လူအကွာအဝေး တစ်ယောက်ပြီးတစ်ယောက် ဘယ်လိုကုရမယ် ဆိုတဲ့သင်တန်းတွေလည်း ယူထားတဲ့ ဆရာ၊ဆရာမတွေပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မှာအခွင့်အရေးလိုအပ်တယ်။ ကျွန်တော်တို့ အဓိက လိုအပ်တာက ဒီ Covid ရောဂါကြောင့်ဘဲ မဟုတ်ဘဲ တစ်ခြား ရောဂါ ကိုလည်း ကာကွယ်ချင်တယ်။” ဟု ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့မှ Mr.Zet က ဆက်လက်ပြောဆိုသည်။

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(BACKPACK) အဖွဲ့ကို၂၀၀၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး တောင်ပေါ်ဒေသများသို့ လှည့်လည်ကာ ကျေးလက်ပြည်သူများကို ကျန်းမာရေးတာဝန်ထမ်းဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...