မွန်ပါတီက ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ မွန်လူငယ်ဆုံရပ် တိုက်တွန်း

မွန်ပါတီက ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ မွန်လူငယ်ဆုံရပ် တိုက်တွန်း

မွန်တိုင်းရင်းသားတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကိုသာ မဲပေးဖို့ မွန်လူငယ်ဆုံရပ်အဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ တစ်ပါတီစနစ် ကြီးစိုးမှုကြောင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ မွန်လူငယ်ဆုံရပ်အဖွဲ့က ဆိုထားပါတယ်။

ဒါကြောင့် လွှတ်တော်အတွင်းမှာ မွန်ပါတီရဲ့ ကိုယ်စားလောင်းတွေ နေရာရမှသာ မွန်တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့  မွန်လူငယ်ဆုံရပ်အကြံပေးက ပြောပါတယ်။

“ တိုင်းရင်းသားပါတီတွေ အနိုင်ရလာရင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်တွေ ပိုပြီးတော့ များပြားလာမယ် ။ တိုင်းရင်းသားအခွင့်အရေးတွေ ပိုပြီး များပြားလာမယ်လို့ ယုံကြည်တယ်” မွန်လူငယ်ဆုံရပ်အကြံပေး ဉာဏ်စိုက်ရာမာန်က ပြောပါတယ်။

မွန်လူငယ်ကွန်ယက်ဟာ မွန်တိုင်းရင်းသားလူငယ်တွေနဲ့ စုစည်းထားတာဖြစ်လို့ သူတို့ရဲ့ တိုက်တွန်းချက်အတိုင်း ဆောင်ရွက်သွားမယ်လို့  ရေးဒေသခံ တစ်ဦးက ပြောပါတယ်။

“ သူတို့ရဲ့ ထုတ်ပြန်ချက်အတိုင်း မွန်လူငယ်တွေက တက်တက်ကြွကြွ လိုက်နာကြတာကို တွေ့ရတယ် သူ့ရဲ့ထုတ်ပြန်ချက်အတိုင်း တစ်သွေးတစ်သံတည်းလို့ ပြောလို့ရပါတယ်” လို့ ရေးဒေသခံ မင်းစိုးသိန်းက ပြောပါတယ်။

မွန်လူငယ်ကွန်ယက်ဟာ ပြည်ပနိုင်ငံတွေအပြင် မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့က မွန်လူငယ်တွေ စုစည်းထားတဲ့ ကွန်ယက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ မွန်ပြည်နယ် ဘီးလူးကျွန်း ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းလဲခဲ့တဲ့အပေါ် သောင်းနဲ့ချီတဲ့ မွန်လူထုက ကန့်ကွက်ကြောင်း အစိုးရအပေါ် ဆန္ဒပြခဲ့ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...