ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ထုတ်ပြန်တောင်းဆိုခဲ့သည်။

တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အစိုးရ၊ တပ်မတော်ကြား အသိတရားဖြင့် နားလည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးကို အတူတကွဖော်ဆောင်ရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် လက်ရှိ Covid-19 ရောဂါ ကူးစက်မှုနှုန်းမြင့်တက်နေချိန်တွင် အပစ်အခတ်ရပ်ဆိုင်းရေးကို လက်တွေ့လုပ်ဆောင်ခြင်းမရှိပဲ ရခိုင်ပြည်နယ်တွင် ပြင်းထန်သည့်ထိုးစစ်နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ဆင်ရေးများ ထပ်မံပြုလုပ်လာသည်ကို တွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာလည်း ထိုးစစ်ဆင်မှုတွေ ပြန်ပြီးမှရှိလာတယ်၊ ပြီးရင် ရခိုင်ပြည်မှာလည်း တိုက်ပွဲတွေနှင့် ထိုးစစ်ဆင်မှုတွေဆက်တိုက်ရှိနေတယ် ဆိုတော့ တစ်ဖက်မှာလည်း ကမ္ဘာ့ကပ်ရောဂါ Covid-19 လည်း မြန်မာပြည်အနှံ့ ကူးစက်မှုနှုန်းအရှိန်မြင့်လာနေတယ်။ ဒါတွေကိုစဉ်းစားပြီး တစ်နိုင်ငံလုံး အေးချမ်းသာယာဝပြောလာဖို့ရန်နှင့် တန်းတူညီမျှရေး၊ တို့ကိုရှေ့ရှုပြီး စစ်ပွဲများ၊ ပဋိပက္ခများရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာဦးအင်ခွမ်တန်ဂွန်း က ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများလုံခြုံစိတ်ချစွာနေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား Bilateral အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားနိုင်မှ ယုံကြည်မှုရရှိ နိုင်မည်ဟု ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂမှ ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် UNGAS တွင် သဘောတူညီမှုရရှိခဲ့ကြသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...