စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ့ရှိချက် ပွင့်လင်းမြင်သာဖို့ လွှတ်တော်ဥက္ကဌထံ တင်ပြတောင်းဆို

စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ့ရှိချက် ပွင့်လင်းမြင်သာဖို့ လွှတ်တော်ဥက္ကဌထံ တင်ပြတောင်းဆို

ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိတဲ့ဝန်ကြီးဌာန၊ လွှတ်တော်အမတ်တွေကို ကယား(ကရင်နီ)အရပ်ဖက်အဖွဲ့အစည်း ၂၃ ဖွဲ့က သဘောထားစုစည်းချက်တွေကို သြဂုတ်လ ၃၁ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး(၂) မော်ဖရေမြာက “လွှတ်တော်ဖက်ကနေ အပြန်အလှန်ထိန်းကျောင်းတဲ့သဘောမျိုးဆိုတာ ဥပဒေထဲမှာ လုပ်ထုံးလုပ်နည်းအတိုင်းပါပြီးသားဖြစ်နေတယ်။ ဒီအချိန်မှာ အလွဲသုံးစားမှုတွေ ပွင့်လင်းမြင်သာမှုမရှိတဲ့ Issue ပေါ်လာတဲ့အချိန်မှာ လွှတ်တော်ဖက်က Check and balance ပေါ့ သူတို့လုပ်ရမယ့်တာဝန်ဖြစ်နေတဲ့ခါကျတော့ စုံစမ်းစစ်ဆေးရေးဖွဲ့လိုက်တဲ့အပေါ်မှာ ဒါတွေက ဝန်ကြီးချုပ်အနေနဲ့ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အပြန်အလှန် ပွင့်ပွင့်လင်းလင်းတွေ့ဆုံဖို့လိုတာပေါ့” လို့ ပြောပါတယ်။

သြဂုတ်လ ၁၄ရက်နေ့မှာ ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနဲ့စပ်လျဉ်းတဲ့ (၅)ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့ မြေနေရာတွေကို ပုဂ္ဂလိကလုပ်ငန်းအတွက် အလွဲသုံးစားပြုလုပ်ခြင်းနဲ့ ပြည်သူပိုင် စက်ယန္တရားဌားရမ်းခအား ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံခန့်ခွဲနေမှုအပေါ် စုံစစ်စစ်ဆေးရန် ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းအသီးသီး ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ကိစ္စကို သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်ပါ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှုအပေါ် ကြိုဆိုအသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်း (၂၃)ဖွဲ့ထဲမှ တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက “စွပ်စွဲပြစ်တင်မှုမှာပါနေတဲ့ စက်ယန္တရားကိစ္စကလည်း အရင်တုန်းက ကြားဖူးတာရှိတယ် ဒါက ပြည်သူ့ဘဏ္ဍာကိုအလွဲသုံးစားလုပ်တယ်လို့သတ်မှတ်တယ်ပေါ့နော အဲဒီအပေါ်မှာ အရပ်ဖက်ကလည်း ဒီစုံစမ်းစစ်ဆေးမှုအရက ပြည်သူ့ဘဏ္ဍငွေဖြစ်တယ် စနစ်တကျကော်မတီဖွဲ့တယ် အသိပေးပြီးလုပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့က ကြိုဆိုတယ်ဆိုတဲ့အကြောင်းကို အသိပေးချင်တဲ့ စဉ်းစားချက်ပါ။” လို့ ပြောပါတယ်။

ပြည်နယ်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အများပြည်သူပိုင်မြေနေရာကိုအလွဲသုံးစားပြုလုပ်ခြင်းနဲ့ စက်ယန္တရားဌားရမ်းခအား ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့အပြင် နောက်ထပ်အကြောင်းအရာ ခေါင်းစဉ် လေးမျိုး ကိုလည်း စုံးစမ်းစစ်ဆေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

အများပြည်သူ သိရှိနိုင်ဖို့ ငွေကြေးစီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှုမရှိတဲ့ သတ္တုသန့်စင် စက်ရုံတည်ဆောင်ခြင်းနဲ့ စက်မှုဇုံစီမံခန့်ခွဲလုပ်ဆောင်ခြင်း၊ ပန်းဥယျာဉ်မြေယာရှုခင်းလုပ်ငန်း၊ ဘာသာရေးဆိုင်ရာအလှူအဒါန်း ပြုလုပ်မှုနဲ့ တိုင်ရင်းသားစာပေ၊ ယဉ်ကျေးမှုအသင်းအဖွဲ့တွေကို ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ခရီးစဉ်တိုင်းမှာ ပေးဝေတဲ့ ငွေကြေးဆိုင်ရာကိစ္စ၊ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောင်ခြင်းနဲ့ ပန်းအလှဆင်ခြင်း စတဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးပြီး ပွင့်လင်းမြင်သာစွာချပြ ရှင်းလင်းပေးဖို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သြဂုတ်လ ၂၅ရက်နေ့နဲ့ ၂၆ရက်နေ့မှာ စုံစမ်းစစ်ဆေးတဲ့ကော်မတီကနေ ကယားပြည်နယ်ဝန်ကြီးချုပ်ကို စုံစမ်းဖို့ မေးမြန်းဖို့ဆင့်ခေါ်ပေမယ့်လည်း ကိုယ်စားလှယ်နဲ့သာ လွဲပြီး လာရောက်ဖြေရှင်းတဲ့အပေါ်မှာလည်း အရပ်ဖက်အဖွဲ့အစည်းက ဝေဖန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက “ကော်မတီရဲ့ဆင့်ခေါ်မှုကိုတော့ သူ့အနေနဲ့လာသင့်တယ် ပြည်သူလူထုတွေကိုအချက်အလက်ပြန်ချပြတဲ့နေရာမှာ ပိုပြီးတော့ မှန်မှန်ကန်ကန်နဲ့ရှင်းရှင်းလင်းလင်းသိအောင် သူကိုယ်တိုင်က ရှင်းပြတာအကောင်းဆုံးဖြစ်မယ်။ ဒီအခြေအနေမှာအကောင်းဆုံးက သူလာတာအကောင်းဆုံးဖြစ်တယ် အသိအမှတ်ပြုခြင်းဖြစ်တယ် အထိမ်းအမှတ်ပြုခြင်းဟာ ဒီမိုကရေစီနဲ့အနှစ်သာရကို လေးစားရာရောက်တယ်လို့ မှတ်ယူပါတယ်” လို့ ဆိုပါတယ်။

လာမည့် စက်တင်ဘာလ ၁ ရက်နေ့ ကယားပြည်နယ်လွှတ်တော်အတွင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီး တွေ့ရှိချက်တွေကို အဆိုတင်သွင်းသွားဖို့ရှိတယ်လို့ ကြားသိရပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...