နေရာအသစ်တွင် ပြန်လည်ထူထောင်ရေးပြုလုပ်ပေးရန် တာလောကြီးဒေသခံများတောင်းဆို

နေရာအသစ်တွင် ပြန်လည်ထူထောင်ရေးပြုလုပ်ပေးရန် တာလောကြီးဒေသခံများတောင်းဆို

မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် အစိုးရမှနေရပ်ပြန်ရေးစီစဉ်ရာ၌ ယခင်မူလမြေနေရာတွင် မဟုတ်ဘဲ အခြားမြေနေရာတစ်ခုတွင်သာ စီစဉ်ပေးစေလိုသည်ဟု စစ်ရှောင်များက တောင်းဆိုနေကြသည်။

ယခင် ၎င်းတို့မြေနေရာများတွင် နှစ်စဉ် ဧရာဝတီမြစ် ရေကြီးရေလျှံမှုကြုံတွေ့နိုင်သောကြောင့် ပြန်လည်ထူထောင်ရေးတွင် ရေမဝင်နိုင်သော အခြားတစ်နေရာတွင်သာ စီစဉ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒါပေမဲ့ကျွန်မတို့ တာလောကြီးရွာမှာ ကျွန်မတို့ကချင်တွေနေတဲ့ဘက်မှာဆို ပိုပြီးတော့ ရေကြီးတယ်။ နှစ်စဉ်ရေဝင်တယ်။ သုံးနှစ်လေးနှစ် တစ်ခါ ရွာ ၊ နေအိမ်တွေအကုန် နှစ်မြုပ်အောင် ရေကြီးတဲ့အတွက် ပြန်မယ်ဆိုရင် မူလရွာဟောင်းကိုတော့ မပြန်ချင်တော့ဘူး။ နှစ်ဖက်အစိုးရ သဘောတူတဲ့ ရေမဝင်ရောက်တဲ့ မြေလွတ်နေရာ ပြီးတော့ ကျွန်တို့အနေနဲ့ တစ်သက်လုံး လုပ်ကိုင်စားသောက် နေထိုင်နိုင်တဲ့နေရာမျိုး ဖြစ်ချင်တယ်။” ဟု စစ်ရှောင်စခန်းတွင် ရောက်ရှိနေသည့် တာလောကြီးဒေသခံ ဒေါ်မရှီလု က ပြောသည်။

တရုတ်နိုင်ငံက ပထမအကြိမ် ပေးအပ်သော ယွမ် ၄ သန်းကို ကချင်ပြည်နယ်အတွင်း တာလောကြီးကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် နမ်ဆန်ယန်ကျေးရွာတို့တွင် နေအိမ် ၁၉၁ လုံးတည်ဆောက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက် အသုံးပြုသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

နေရပ်ပြန်မည့် စစ်ရှောင်ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေးအာမခံချက်မရှိဘဲ ပြန်လည်စတင်ထူထောင်ရေးအတွက် စိုးရိမ်မှုများရှိသကဲ့သို့ နေရပ်ပြန်ဖို့ ဆုံးဖြတ်ချက်ချနိုင်ရန် ခက်ခဲနေကြောင်း ဆိုသည်။

ထို့အပြင်တာလောကြီးကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့လည်းရှိနေသောကြောင့် နေရပ်ပြန်မည့်စစ်ရှောင်များအနေဖြင့်လည်း စိုးရိမ်မှုများရှိနေသည်။

၂၀၁၁ ခုနှစ်တစ်ကျော့ပြန်ကချင်စစ်ပွဲများကြောင့် တာလောကြီးရှိ ဒေသခံကချင်တိုင်းရင်းသားများသည် ဘေးလွတ်ရာသို့ စတင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...