ဧရာဝတီမြစ်ကျောင်းတစ်လျှောက် တရားမဝင်စက်လှေအစီး ၂၀ ကျော်ကို တစ်ရက်အတွင်းဖမ်းမိ

ဧရာဝတီမြစ်ကျောင်းတစ်လျှောက် တရားမဝင်စက်လှေအစီး ၂၀ ကျော်ကို တစ်ရက်အတွင်းဖမ်းမိ

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေသည့် စက်လှေပေါင်း ၂၀ ကျော်ကို သြဂုတ်လ ၁၅ ရက်နေ့ တစ်ရက်အတွင်း ဖမ်းဆီးထားသည်ဟု သိရသည်။

သို့သော်လည်း အဆိုပါ စက်လှေ အစီး ၂၀ အနက် ၁၄ စီးမှာ ပိုင်ရှင်မဲ့ ဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က ဆိုသည်။

“ရေထဲမှာလုပ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ စက်လှေကိုအဝေးကမြင်ပြီဆိုတာနဲ့ သူတို့ကရေထဲခုန်ဆင်းတယ်။ တစ်ချို့ကျတော့ ကျနော်တို့ဒီကနေထွက်ပြီဆိုတာနဲ့ ဖုန်းနဲ့လှမ်းအကြောင်းကြားတာတွေရှိတော့ စက်လှေတွေကို သယ်လို့မရအောင် ပတ်တားကြိုးတွေကိုဖြတ်တယ်။ ဆီပိုက်ကြိုးတွေကိုဖြတ်တယ်။ အင်ဂျင်ထဲကို သဲတွေထည့်တယ်။ အဲလိုမျိုးစုံလုပ်ခဲ့ပြီးမှ သူတို့ကကုန်းပေါ်မှာ ကျွန်းတွေရှိတဲ့အချိန်ကျတော့ ကိုင်းတောက အခင်းတွေထဲမှာ ဝင်ပြီး နေလိုက်တဲ့ချိန်ကျတော့ စက်လှေသမားကသူပါဆိုတာ ကျနော်တို့ကမသိဘူးလေ။ သူကအခင်းလုပ်တဲ့လူပါလို့ပြောရင် အတင်းအဓမ္မဆွဲဖမ်းလို့လည်းမရဘူး။ အဲတော့များသောအားဖြင့်က ပိုင်ရှင်မဲ့ဖမ်းရခြင်းက အဲဒါပါဘဲ။” ဟု မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဦးမြင့်မိုး က ပြောသည်။

မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော စက်လှေများမှာ ခိုင်တောင်ကျွန်းအနီးတွင်ပိုင်ရှင်မဲ့ ၈စီး၊ ခေါင်ဖူးရွာအုပ်စု ရေကြည်ကျေးရွာတစ်ဖက်ကမ်း ငှက်ပျောကျွန်းတွင် ပိုင်ရှင်မဲ့ ၅ စီး၊ ဟိုကပ်ရွာအလွန် အားလူးကျွန်းနားတွင် ပိုင်ရှင်ရှိ ၃ စီး ဖြစ်သည်။

ဝိုင်းမော်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် ရွှေတူးစက်လှေများမှာ တာလောကြီးကျေးရွာ၊ ခေါင်ဖူးရွာနားတွင် ပိုင်ရှင်မဲ့ ၁စီးနှင့် ပိုင်ရှင်မိ ၃စီး ဖြစ်ပြီး သြဂုတ် ၁၅ ရက်နေ့ တစ်ရက်အတွင်း စုစုပေါင်း အစီး ၂၀ဖမ်းဆီးရမိကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှရဲမှူး ဦးမြင့်မိုး က ပြောသည်။

ဖမ်းဆီးရမိသည့် စက်လှေပေါင်း ၂၀နှင့်တူ ပိုင်ရှင် ၆ဦးကို သက်ဆိုင်ရာနယ်မြေအပိုင် ရဲစခန်းများတွင် သတ္တုတွင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသူမှ တရားလိုပြုလုပ်ကာ တာလောကြီးရဲစခန်းတွင် သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က)အရ အမူဖွင့်သွားရန်ရှိကြောင်းရဲမှူးဦးမြင့်မိုးက ပြောသည်။

သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) သည် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်(၁၀)နှစ် သို့မဟုတ် ငွေဒဏ်ကျပ် သိန်း(၅၀) သော်လည်းကောင်း ချမှတ်နိုင်သည့်အမှုဖြစ်သည်။

“တရားရုံးကို တင်ပို့တဲ့ဟာတွေကျတော့ တရားသူကြီးရဲ့စီမံခန့်ခွဲမူ သက်သေခံပစ္စည်းရဲ့ချမှတ်ထားတဲ့အမိန့်ပေါ်မှာ ဆက်လုပ်သွားမယ်။ ပိုင်ရှင်မရှိတဲ့ဟာတွေကိုတော့ ပိုင်ရှင်ကိုရသလောက်စုံစမ်းတယ်။ စုံစမ်းလို့မရတော့ဘူးဆိုရင် ရဲလုပ်ငန်းသဘောတရားအရ အမှုကိုပိတ်တယ်။ ပိတ်ပြီးရင် မြို့နယ်အုပ်ချုပ်ရေးဆီမှာ စီမံခန့်ခွဲမှုတင်ရမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက စီမံခန့်ခွဲမှုကာလ ရက်ပေါင်း ၆၀ထိ ပိုင်ရှင်ဖော်ထုတ်လို့မရရင် နိုင်ငံဘဏ္ဍအဖြစ်သိမ်းတယ်။” ဟု ရဲမှူး မြင့်မိုးကပြောသည်။

ယခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖမ်းဆီးရမိသည့် တရားမဝင်စက်လှေပေါင်း ၂၃စီးရှိပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ ၁၄စီးရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...