မယ်စဲ့မြို့နယ်မှာ ဆရာ၊ဆရာမ မလုံလောက်မှုကြောင့် ဒသမတန်း သိပ္ပံတွဲကို မသင်ကြားနိုင်

မယ်စဲ့မြို့နယ်မှာ ဆရာ၊ဆရာမ မလုံလောက်မှုကြောင့် ဒသမတန်း သိပ္ပံတွဲကို မသင်ကြားနိုင်

အန်ထော်နီ - ဆရာ/မ မလုံလောက်မှုကြောင့် မယ်စဲ့မြို့နယ်ရှိ အထက်တန်းကျောင်း ဒသမတန်းတွင် သိပ္ပံတွဲ ဘာသာရပ်တွေကိုမသင်ကြားနိုင်ဘူးလို့သိရပါတယ်။

မယ်စဲ့မြို့နယ်ထဲက ဟိုစဲ့ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းတက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်ရှိပြီး အထက်တန်းသင်ကြားပေးတဲ့ ဆရာ/မ ၆ ဦးသာရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက သိပ္ပံအတွဲယူတဲ့ ကျောင်းသား/သူ နှစ်ဦးရှိပေမယ့် ဒီနှစ်မှာ သင်ကြားပေးမယ့် ဆရာ၊ဆရာမ မရှိတဲ့ အတွက်ကြောင့် အဲ့ဒီဘာသာရပ်တွေကို အထူးပြုသင်ယူမယ့် ကျောင်းသားတွေမရှိတော့ဘူးလို့ ဟိုစဲ့ တာဝန်ခံကျောင်းအုပ် ဦးအောင်စောဦးက ပြောပါတယ်။

“သင်တဲ့ဆရာ/မ ဆိုတာက သူ့မေဂျာနဲ့တော့မကိုက်ဘူးပေါ့နော်။ ဒီလိုမျိုးပဲ နီးစပ်တဲ့ဆရာမတွေကိုပဲ တာဝန်ပေးပြီး ဒီလိုပဲသင်ခိုင်းရတာပေါ့။ နှစ်ယောက်ဆိုရင်တော့ ပြသာနာမရှိဘူး။ အများကြီးဆိုရင် အခက်အခဲရှိနိုင်တယ်” လို့ အ.ထ.က ဟိုစဲ့မှ တာဝန်ခံကျောင်းအုပ် ဦးအောင်စောဦး ကပြောပါတယ်။

သိပ္ပံတွဲ အတွက် သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေ မရှိတဲ့ အတွက် အရင်နှစ်က သိပ္ပံတွဲ ယူထားခဲ့တဲ့ ကျောင်းသူ၊ကျောင်းသာတွေဟာ ဒီနှစ်မှာ ဘောဂတွဲ ဒါမှမဟုတ် ဝိဇ္ဇာတွဲကို ပြောင်းပြီး သင်ကြားရမယ့် အနေအထားဖြစ်နေတယ်လို့ ကျောင်းသူတဦးကပြောပါတယ်။

“ Eco (ဘောဂဗေဒ)အတွဲယူဖို့ဆိုတာက အရင်နှစ်က Bio(သိပ္ပံတွဲ) ကျထားတယ်ဆိုတော့ နှမျောတယ်။ ဒါပေမယ့် ဒီမှာက Bio မှမရှိတာ။ အဲ့တွက်ကြောင့် Eco ပဲယူရမှာပဲလေး ဘယ်လိုပဲဖြစ်ဖြစ် ကျက်ရမှာချင်းအတူတူ။ ဒါပေမယ့် Ecoက အသစ်ဖြစ်နေတယ်။ ဒါပေမယ့် Bio မရှိတော့ Eco ယူရမှာပဲ အဲ့လိုပဲပေါ့”လို့ ဟိုစဲ့ကျေးရွာမှာနေထိုင်တဲ့ အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ပြောပါတယ်။

မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာမှာ အထက်တန်းကျောင်းဖွင့်လာတဲ့ နှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် သိပ္ပံတွဲကို တက်ရောက် သင်ယူတဲ့ ကျောင်းသား/ သူဦးရေနည်းပါးပါတယ်။ ဒီနှစ်မှာတော့ သိပ္ပွံအတွဲ မှာ သင်ယူမယ့် ကျောင်းသားမရှိတော့တဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။

“ ကျနော့်အနေနဲ့ဖြစ်စေချင်တာက သိပ္ပံအတွဲကို ရှိစေချင်တယ်။ သိပ္ပံအတွဲသင်တဲ့ဆရာမကို ရှိစေချင်တယ်။ အရင်ကမရှိဘူးလာဆိုတော့ ရှိတယ်။ အခုအဲ့ဒီဆရာမက ပြောင်းသွားတယ်ပေါ့နော်။ ဒါပေမယ့်ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်လည်းမသိဘူး။ သိပ္ပံအတွဲယူဖို့သွားလျှောက်တော့ သိပ္ပံအတွဲမရဘူးလို့ကြားတော့ ကိုယ့်ကျေးရွာအနေနဲ့ စိတ်မကောင်းတော့ ဖြစ်မိတယ်ဗျ။” လို့ ဟိုစဲ့ဒေသခံ မောင်ခိုင်အေး ကပြောပါတယ်။

ဒီအပေါ်မှာ မယ်စဲ့မြို့နယ် ဒုမြို့နယ်ပညာရေးမှူးကို မေးမြန်းရာမှာတော့ သိပ္ပံတွဲ ယူမယ့် ကျောင်းသားရှိရင် သင်ကြားရေးအတွက် အကောင်းဆုံး စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

“ ၃ ယောက် ၄ ယောက်လောက်ပဲရှိပေမယ့်လည်း ကျနော်တို့ဖက်ကဘာသာတွဲတစ်ခုကို ဆရာတစ်ယောက်ကတော့ အမြဲတမ်းရှိတယ်။ ၃ ယောက်၄ ယေက်လည်း အခက်အခဲမရှိပါဘူး။ သူ့သိပ္ပံသင်တဲ့အချိန်မှာ တစ်ခြားတစ်ဖက်က ဘောဂပေါ အဲ့လိုအချိန်ခွဲသွားရုံပဲရှိမယ် အဲ့လောက်ပါပဲ” လို့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

ယခုနှစ်အတွင်း အ.ထ.က မယ်စဲ့မှာ အထက်တန်းကျောင်းသားဦးရေ ၅၀ ဦးနဲ့ အ.ထ.က ဟိုစဲ့တွင် ၅၈ ဦး စုစုပေါင်း ၁၀၈ ဦး ရှိပါတယ်။ မယ်စဲ့မြို့နယ်မှာ အခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်မှု ၂၈.၂၄ ရာခိုင်နှုန်းရှိပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...