ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းမှာ ပါတီသဘောထားမဟုတ်

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းမှာ ပါတီသဘောထားမဟုတ်

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တွေ့ဆုံပွဲတက်ရောက်ရခြင်းမှာ ပါတီသဘောထားမဟုတ်ပဲ ဥက္ကဌရဲ့ သဘောဆန္ဒသာ အလွတ်သဘောတွေ့ဆုံခြင်းဖြစ်တယ်လို့ အများပြည်သူအထင်မမှားစေဖို့အတွက် သြဂုတ်လ (၁၅)ရက်နေ့၊ နံနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပါတီ သဘောထားထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး လူထုတွေအကြားမှာ သတင်းမှားဖြန့်ချိသူတွေ၊ ဝေဖန်သူတွေရှိနေတာကြောင့် မယုံကြဖို့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကပြောကြားသွားခဲ့ ပါတယ်။

“ အခုက ဘယ်သူတွေ ဘယ်လိုပဲပြောပြောပါ တကယ်လို့ ကျတော်တို့ပါတီကိုဝန်းရံလိုတဲ့ပုဂ္ဂိုလ်တွေ ပြည်သူလူထုတွေ မဲဆန္ဒရှင်တွေ တကယ်လို့ ကျနော်တို့ပါတီမှာမေးစရာရှိတယ်။ မေးဖို့လိုတယ်ဆိုလို့ရှိရင် တိုက်ရိုက်မေးပါ သူများတွေဖြန့်ဝေတဲ့သတင်းတွေ သတင်းအမှားတွေ ဒါတွေမယုံကြည်ဖို့ ကျနော်အနေနဲ့ အနူးအညွတ်တောင်းဆိုတာပေါ့နော”

သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး စတဲ့ပုဂ္ဂိုလ်တွေက လာရောက်တွေ့ဆုံခဲ့ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဖိုးရယ်လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သွားရောက်တွေ့ဆုံတဲ့အခါမှာလည်း ဆုံးဖြတ်ချက်ချမှတ်တာ၊ သဘောထားမှတ်ချက်ပေးတာ၊ တိုင်ပင်ဆွေးနွေးသဘောတူညီမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ပါတီဥက္ကဌက သွားရောက်တွေ့ဆုံခဲ့တာကြောင့် ပြည်သူလူထုအကြား အထင်းမှားစေတဲ့ကိစ္စရပ်တွေရှိခဲ့သလို ၂၀၂၀ရွေးကောက်ပွဲအတွက် ယုံကြည်မှုလျော့ကျစေနိုင်တယ်လို့ ခူးသဲရယ်က ဆိုပါတယ်။

ယခုကိစ္စနှင့်ပတ်သက်၍ ပါတီဥက္ကဌ ဦးဖိုးရယ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကယားပြည်နယ်ပြန်ရောက်တဲ့အခါမှာ အားလုံးကို ပြန်ရှင်းပြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ မည်သည့်ပြည်မအခြေစိုက်ပါတီတွေနဲ့မဟာမိတ်ဖွဲ့ဆောင်ရွက်ထားတာမရှိဘဲ ကယန်းအမျိုးသားပါတီ (KNP) နဲ့သာ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။

ကယားတစ်ပြည်နယ်လုံး မဲဆန္ဒနယ် (၃၄)နေရာအနက် KySDP က (၃၀)နေရာနှင့် KNP က(၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် သဘောတူညီထားပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...