ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းမှာ ပါတီသဘောထားမဟုတ်

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းမှာ ပါတီသဘောထားမဟုတ်

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တွေ့ဆုံပွဲတက်ရောက်ရခြင်းမှာ ပါတီသဘောထားမဟုတ်ပဲ ဥက္ကဌရဲ့ သဘောဆန္ဒသာ အလွတ်သဘောတွေ့ဆုံခြင်းဖြစ်တယ်လို့ အများပြည်သူအထင်မမှားစေဖို့အတွက် သြဂုတ်လ (၁၅)ရက်နေ့၊ နံနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပါတီ သဘောထားထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး လူထုတွေအကြားမှာ သတင်းမှားဖြန့်ချိသူတွေ၊ ဝေဖန်သူတွေရှိနေတာကြောင့် မယုံကြဖို့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကပြောကြားသွားခဲ့ ပါတယ်။

“ အခုက ဘယ်သူတွေ ဘယ်လိုပဲပြောပြောပါ တကယ်လို့ ကျတော်တို့ပါတီကိုဝန်းရံလိုတဲ့ပုဂ္ဂိုလ်တွေ ပြည်သူလူထုတွေ မဲဆန္ဒရှင်တွေ တကယ်လို့ ကျနော်တို့ပါတီမှာမေးစရာရှိတယ်။ မေးဖို့လိုတယ်ဆိုလို့ရှိရင် တိုက်ရိုက်မေးပါ သူများတွေဖြန့်ဝေတဲ့သတင်းတွေ သတင်းအမှားတွေ ဒါတွေမယုံကြည်ဖို့ ကျနော်အနေနဲ့ အနူးအညွတ်တောင်းဆိုတာပေါ့နော”

သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး စတဲ့ပုဂ္ဂိုလ်တွေက လာရောက်တွေ့ဆုံခဲ့ပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဖိုးရယ်လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သွားရောက်တွေ့ဆုံတဲ့အခါမှာလည်း ဆုံးဖြတ်ချက်ချမှတ်တာ၊ သဘောထားမှတ်ချက်ပေးတာ၊ တိုင်ပင်ဆွေးနွေးသဘောတူညီမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ပါတီဥက္ကဌက သွားရောက်တွေ့ဆုံခဲ့တာကြောင့် ပြည်သူလူထုအကြား အထင်းမှားစေတဲ့ကိစ္စရပ်တွေရှိခဲ့သလို ၂၀၂၀ရွေးကောက်ပွဲအတွက် ယုံကြည်မှုလျော့ကျစေနိုင်တယ်လို့ ခူးသဲရယ်က ဆိုပါတယ်။

ယခုကိစ္စနှင့်ပတ်သက်၍ ပါတီဥက္ကဌ ဦးဖိုးရယ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကယားပြည်နယ်ပြန်ရောက်တဲ့အခါမှာ အားလုံးကို ပြန်ရှင်းပြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ မည်သည့်ပြည်မအခြေစိုက်ပါတီတွေနဲ့မဟာမိတ်ဖွဲ့ဆောင်ရွက်ထားတာမရှိဘဲ ကယန်းအမျိုးသားပါတီ (KNP) နဲ့သာ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီဖြစ်ပါတယ်။

ကယားတစ်ပြည်နယ်လုံး မဲဆန္ဒနယ် (၃၄)နေရာအနက် KySDP က (၃၀)နေရာနှင့် KNP က(၄)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် သဘောတူညီထားပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...