လုံးစွတ် စစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

လုံးစွတ် စစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် စစ်ရှောင်ပြည်သူများသည် မိုးရာသီ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသောကြောင့် ကူညီထောက်ပံ့ပေးစေလိုသည်ဟု စခန်းတာဝန်ခံများမှ သိရသည်။

စစ်ရှောင်စခန်းတွင် အစိုးရက ချပေးသည့် ရေမရရှိသည့်အပြင် ဆောက်လုပ်ပေးထားသည့် ရေတွင်း ၂တွင်းသည်လည်း မိုးရာသီတွင် သုံးစွဲရန်အဆင်မပြေဖြစ်နေသည်ဟု ဆိုသည်။

“စခန်းမှာ ရေတွင်း ၂တွင်းရှိတယ်။ ၁ တွင်းက မိုးကျရင် ရေပြည်လျှံပြီးမသန့်တဲ့အတွက် သောက်သုံးလို့မရဘူး။ နောက် ၁တွင်းကတော့ သောက်လို့ရတယ်။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ အဝီစိတွင်းဖြစ်တယ်။ အဲ့ကြောင့် စက်နဲ့စုပ်ပြီး သုံးရတယ်။ ဘာအခက်အခဲ ဖြစ်လဲ ဆိုတော့ စစ်ရှောင်တွေမှာက ဝင်ငွေမရှိဘူး။ ရေစုပ်တဲ့အခါ ဆီဖိုးက မတတ်နိုင်ဘူး။ တစ်လမှာ တစ်သိန်းကျော် လောက်ကုန်တယ်။ ပိုဆိုးတာက ကိုဗစ်ရောဂါကြောင့် ကူညီရေးအဖွဲ့တွေက မလာတော့ ပိုဆိုးသွားတာပေါ့။ အရင်တုန်းကတော့ ကူညီရေးအဖွဲ့တွေဆီကနေ တတ်နိုင်သလောက် စုပြီးဖဲ့သုံးနေရတာပေါ့” ဟု စစ်ရှောင်တာဝန်ခံ ဦး ဖုန်ထိန်က ပြောသည်။

၎င်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၆ ခုနှင့် လူဦးရေ ၃၀၀ ကျော်တိမ်းရှောင်နေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စခန်းအထွေအထွအသုံးစားရိတ်အဖြစ် တစ်လတွင် တစ်သိန်းသုံးသောင်းကျပ် ထောက်ပံ့မှုမှာ မီးစက်ဆီဖိုးပင် မကာမိကြောင်း သူကဆက်လက်ပြောဆိုသည်။

ထို့အပြင် Covid-19 ကူးစက်ရောဂါကြောင့် ကူညီထောက်ပံ့သည့်အဖွဲ့အစည်းများလည်း နည်းပါးနေသဖြင့် စစ်ရှောင်ပြည်သူများသည် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောသည်။

“ကိုဗစ်-၁၉ မဖြစ်ခင်တုန်းကတော့ ခက်တယ်ဆိုရင်လည်း တတ်နိုင်သလောက်လုပ်ကိုင်စားသောက်ကြတယ်။ အခုနောက်ပိုင်းက တော်တော်လည်း ခက်ခဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စားကိုယ်ထူကိုယ်ထ လုပ်ကိုင်လို့ မရတော့ဘူး။ WFP ကလည်းဆန်အတွက်ပဲ ထောက်ပံ့တယ်။ နောက်တစ်ချို့စစ်ရှောင်တွေဆို တအားခက်ခဲတာ ရှိတယ်။ သူတို့ကိုက တစ်လကို ၂၀၀၀ ပေးတယ်။ ကျန်တဲ့သူတွေက ၁၄၀၀၀ထောက်ပံ့ ပေးတာရတယ်။ ဒါကတော့ အစားအသောက်အတွက်ပေါ့။ သီးခြားလာရောက်ထောက်ပံ့တဲ့ အကူအညီတွေလည်း မရှိသလောက်ပါဘဲ” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်နန်ရမ်က ပြောဆိုသည်။

ပူတာအိုခရိုင်တွင် တပ်မတာ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်အတွင်းတိုက်ပွဲများကြောင့် အင်ခါးဂါး၊ အင်ဖီဂါ၊ ဖကန်းနှင့် နှင်းတန်ဂေါင်း စသည့် ကျေးရွာများမှ ဒေသခံများထွက်ပြေးလာပြီးနောက် လုံးစွတ်စစ်ရှောင်စခန်း ဖြစ်ပေါ်လာခဲ့သည်။

ယခုနောက်ဆုံးအချိန် အဆိုပါစစ်ရှောင်များသည် မိမိတို့ဒေသတွင် နေရပ်ပြန်ရန် အဆင်မပြေတော့သဖြင့် အခြားနေရာတွင် ပြန်လည်နေရာချထားပေးရန် တောင်းဆိုသည့်အညီ သက်ဆိုင်ရာကလည်း ဆောင်ရွက်နေပြီဟု သိရပါသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...