အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရသော တောင်ကုတ်မြို့နယ်ဆားပြင်ကျေးရွာ ANP ဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စွဲချက်မတင်မီ ပြန်လွတ်

အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရသော တောင်ကုတ်မြို့နယ်ဆားပြင်ကျေးရွာ ANP ဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စွဲချက်မတင်မီ ပြန်လွတ်

ထွန်းခိုင် — အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးပြုံးချိုအပါအဝင် ၅ ဦးကို ဩဂုတ် ၁၂ ရက် ညနေတွင် တောင်ကုတ်မြို့နယ် တရားရုံးမှ စွဲချက်မတင်မီ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ကိုပြုံးချို၊ ကျေးရွာသားများ ဖြစ်ကြသည့် ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်၊ ကိုလှဖြူတို့ ဖြစ်ကြသည်။

၎င်းတို့ ၅ ယောက်၏ အမှုအတွက် တရားလိုပြသက်သေ ၂၆ ဦးစစ်ဆေးခဲ့ပြီးနောက် ပြစ်မှု၊ ပြစ်ဒဏ် တစ်စုံတစ်ရာ ကျူးလွန်ထားသည်ကို မတွေ့ရှိရသည့်အတွက် တောင်ကုတ်မြို့နယ် တရားရုံးက စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“သူတို့ရဲ့အမှုအတွက် တရားလိုပြသက်သေ ၂၆ ဦးကို စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်တာ တစ်စုံတစ်ရာ မတွေ့ရှိရသည့်အတွက် တရားရုံးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီပြန်လွတ်လိုက်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောသည်။

၎င်းတို့ ၅ ဦးကို ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးသွားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇) ဖြင့် လမူးစခန်းမှ အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ မြို့နယ်တရားရုံးက သက်သေခိုင်လုံမှုမရှိဆိုပြီး မေလ ၅ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

လွှတ်ပေးပြီး မိနစ်အနည်းငယ် အကြာတွင် ထပ်မံ ဖမ်းဆီးပြီး မအီမြို့အနီး ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခဲ့သည်။ ပြီးနောက် သူတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် မေလ ၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...