မော်ချီးမြေပြိုမှုတွေဖြစ်မလာအောင် အန္တရာယ်ရှိတဲ့နေရာတွေမှာ ခဲမတူးအောင် နေ့၊ ည ကင်းလှည့်နေ

မော်ချီးမြေပြိုမှုတွေဖြစ်မလာအောင် အန္တရာယ်ရှိတဲ့နေရာတွေမှာ ခဲမတူးအောင် နေ့၊ ည ကင်းလှည့်နေ

စိုးထိုက်အောင် — မော်ချီး ခဲသတ္တုတူးဖော်တဲ့ လုပ်ကွက်နေရာတွေမှာ အချို့မြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အန္တရာယ်ရှိတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့ သူတွေရှိမရှိ ကင်းလှည့် ကြည့်ရှုနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

“ ဒီနေရာမှ အန္တရာယ်ဇုန်၊ အန္တရာယ်ရှိနိုင်ပါတယ် ဆိုပြီးတော့မှ ကျတော်တို့ဆိုင်းဘုတ်တွေ၊ ပြီးတော့ အသိပညာဟောပြောပွဲတွေ၊ ပြီးတော့ မော်ချီးမှာ ကျတော်တို့အဖွဲ့တွေ ၊ အဖွဲ့စုံ အဖွဲ့နဲ့ဖွဲ့ပြီးမှ နေ့တစ်ကြိမ်၊ ညတစ်ကြိမ် လူတွေ မတူးအောင်၊ အလုပ်မလုပ်အောင် ကျတော်တို့ကင်းလှည့်ပြီးဆောင်ရွက်နေပါတယ်။” လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ မြေပြိုမှုတွေ မကြာခန ဖြစ်ပေါ်နေခဲ့ပြီး သေဆုံးခဲ့သူတွေလည်းရှိပါတယ်။ မိုးတွင်းကာလ မှာ အများစုကတော့ ခဲတူးတဲ့ လုပ်ငန်းကို ရပ်တန့်ထားပေမဲ့ စာဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်နေကြသူတချို့လည်းရှိနေပါတယ်။ မိုးတွင်း မှာ မြေပြိုနိုင်တဲ့ အန္တာရယ်ကြောင့် အများစုဟာ လုံခြုံတဲ့နေရာတွေကို ရွေ့ပြောင်းနေထိုင် ကြပါတယ်။

“ KB 1 ဘက်ဆို ၁၇အိမ်လောက် ရွာထဲလာနေရတာတွေရှိတယ်ပေါ့နော်။ အမှတ် ၂ကလည်းရွာထဲလာနေရတာရှိတယ်။ မိုးအရမ်းရွာတယ်လို့ပြောတယ် သူတို့ အဲ့ဒါကြောင့် မလို့မြေပြိုမှု ဖြစ်မှာကို သူတို့စိုးရိမ်မှုတွေတော့ ရှိတယ်ပေါ့နော်။” လို့ယူကော်ခို(၁၃ကုန်း)ကျေးရွာမှ ဒေါ်မာဂရတ်စိန်က ပြောပါတယ်။

အန္တရယ်ရှိတဲ့ နေရာတွေကို လက်ရှိမှာ ပြုပြင်ထိန်းသိမ်းတာတွေလုပ်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

“ မြေမပြိုအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ ဟာကတော့ ကျတော်တို့မြေပြိုမယ်ဆိုတဲ့နေရာကို မြေထိန်းနံရံလုပ်မယ်၊ ရေစီးရေလာကောင်းအောင်လုပ်မယ်၊ အန္တရာယ်ရှိတဲ့နေရာကို အန္တရာယ်ဇုန်ကိုသတ်မှတ်ပြီးမှ ခြံစီးရိုးကာခြင်းဖြစ်ပါတယ်။ မြေမပြိုအောင် ကျတော်တို့အဲ့လိုနည်းနဲ့ထိန်းသိမ်းပါတယ်။” လို့ဦးတီရယ်က ပြောပါတယ်။

ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာနမှ ကယားပြည်နယ်အတွင်းမှာ ခဲမဖြူ / အဖြိုက်နက်၊ ရှီးလိုက်ရောရာသတ္တုများ ထုတ်လုပ်ဖို့အတွက် ပြည်ထောင်စု ခွင့်ပြုမိန့်ဖြစ်လုပ်ကွက် (၁၃)ကွက်နဲ့ပြည်နယ်လုပ်ကွက်စီစစ်ချထားပေးရေးအဖွဲ့မှ လုပ်ကွက်(၄)ကွက်ခွင့်ပြုထားတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉၊ (၁)နှစ်တာကာလအတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်နိုင်မှု၊ တိုးတက်ပြောင်းလဲလာမှုနှင့် ပြည်သူများ၏လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သတ်ပြီး ဆောင်ရွက်နိုင်မှုတင်ပြချက်အစီရင်ခံစာ မှာဖော်ပြထားပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀ဘဏ္ဍာနှစ်အထိ (၄)နှစ်တာကာလအတွင်းမှာ မော်ချီးဒေသအတွင်း ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာသတ္တုထုတ်လုပ်ခွင့်ကို အသေးစားလုပ်ကွက်(ဧက ၅၀အောက်) ၈ကွက်နဲ့ အကြီးစားလုပ်ကွက်(၁)ကွက်ကို ထုတ်လုပ်ခွင့်ပြုထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...