Social Media ကို သတိပြုသုံးစွဲရန် KIO ဥက္ကဌ၏ အာဇာနည်နေ့မိန့်ခွန်းတွင်ပါရှိ

Social Media ကို သတိပြုသုံးစွဲရန် KIO ဥက္ကဌ၏ အာဇာနည်နေ့မိန့်ခွန်းတွင်ပါရှိ

လူမှုစာမျက်နှာပေါ်တွင်ဖြစ်ပျက်နေသော သတင်းအမှား အမှန်များကို လူထုကိုယ်တိုင်စီစစ်ပြီ ယုံကြည်ရန် တာဝန်ရှိကြောင်း ဩဂုတ် ၁၀ ရက်နေ့ကျရောက်သော ကချင်အာဇာနည်နေ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ၏ မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ပြီးခဲ့တဲ့နှစ်များက ပြည်သူလူထုပါဝင်မှုဖြင့် အာဇာနည်နေ့ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် Covid-19 ကပ်ရောဂါကြောင့် KIO ဗဟိုကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့အစည်းများသာ ပါဝင်ပြီး အစီစဉ် ပြုလုပ်ခဲ့သည်။

“ပြည်သူလူထုတွေကိုယ်တိုင်ကလည်း ဘယ်အဖြစ်အပျက်က မှန်တယ်၊ မှားတယ်ဆိုတာက ခွဲခြားစီစစ်ဖို့တာဝန်ရှိပါတယ်။ သတင်းအမှား၊ မတရားဝေဖန် ရှုတ်ချမှုတွေကို KIO က ထုတ်ပြန်ကြေညာချက်နဲ့တကွ အသေးစိတ် ရှင်းပြတာမျိုး ပြုလုပ်မည်မဟုတ်ပါ” ဟု လူမှုကွန်ရက်စာမျှက်နှာများနှင့် ပတ်သက်ပြီး KIO ဥက္ကဌ၏ မိန့်ခွန်းတွင် ပါရှိသည်။

ယခုချိန် လူမှုမီဒီယာ ကို လွတ်လပ်စွာအသုံးပြုနိုင်ခြင်းကြောင့် အကျိုရလဒ်ကောင်းများ ရရှိစေသလို၊ လူမှုမီဒီယာကြောင့်ပဲ လူမှုအသိုင်းအဝိုင်းမှာ ပြဿနာအများအပြား ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားသည်။

တရုတ်နယ်စပ်နှင့်နီးသော ကချင်ပြည်နယ်တွင် လူထုက Wechat နှင့် Facebook ကို အဓိကထားသုံးစွဲနေကြပြီး၊ လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များ၏ ဦးဆောင်မှုကို အကြံပေးမှု၊ ဝေဖန်မှုနှင့် စုံလင်စွာ ပြောဆိုရေးသားမှုများ ရှိနေသည်။

နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးသွားသော လူထုနှင့် KIO စစ်ဝန်ထမ်းများကို အလေးပြုကြောင်းနှင့် KIO ဥက္ကဌ ၏ အာဇာနည်နေ့အထိမ်းအမှတ် မိန့်ခွန်းနောက်ဆုံးစာပိုဒ်တွင် ဖော်ပြထားပါသည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ စာမျှက်နှာ ၅ ခုပါသော မိန့်ခွန်းတွင် အဓိက လူမှုမီဒီယာနှင့် Covid-19 ကာကွယ်ရေးအကြောင်းအရာကလွဲပြီး လက်ရှိ ငြိမ်းချမ်းရေးအခြေအနေ၊ ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်သော သဘောထားများကို ပြောဆိုထားခြင်းမရှိပေ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို စတင်တည်ထောင်ခဲ့သော ဥက္ကဌ GOC Lahtaw Zau Seng ထိုင်းနိုင်ငံမြောက်ပိုင်း Htang Ngawp Bum တွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉၇၅ သြဂုတ်လ ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Photo -KIO ဗဟိုဌာနချုပ်လိုင်ဇာတွင်ပြုလုပ်သော ကချင်အာဇာနည်နေ့ (Photo – Kachinnet)

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...