သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားလို့ ကုလားကုတ်ကျွန်းက ရေလုပ်ငန်းရှင်တွေ အခက်တွေ့

သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားလို့ ကုလားကုတ်ကျွန်းက ရေလုပ်ငန်းရှင်တွေ အခက်တွေ့

ရေးမြို့နယ် ကုလားကုတ်ကျွန်း လေပြင်းတိုက်ခတ်မှုမှာ သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားတာကြောင့် လုပ်ငန်းပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ကနေ၄ ရက်နေ့အထိ ကုလားကုတ်ကျွန်းမှာ လေပြင်းတိုက်ခတ်ခဲ့တဲ့အပြင် ပင်လယ်ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့တာကြောင့် ကျွန်းပေါ်က ငါးလှန်းစင် ၂၂ ခုနဲ့ နေအိမ်(၂၄) လုံး ပျက်စီးခဲ့တာပါ။

ငါးလှန်းစင်တွေကို ကွန်ကရစ်နဲ့ အခိုင်အမာဆောက်လုပ်ထားတာဖြစ်ပြီး ပျက်စီးသွားတဲ့ ငါးလှန်းစင်တွေရဲ့ စုစုပေါင်းတန်းဖိုးက ကျပ်သိန်းလေးထောင်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

“မနှစ်ကဆုံးရှုံးထားတော့ ဒီနှစ် ကွန်ကရစ်နဲ့အခိုင်အမာဆောက်ထားတာတောင်ပြိုခဲ့တာပါ၊ တစ်စင်နဲ့တစ်စင်ဈေးနှုန်းကွာခြားမှုတွေရှိပေမယ့် အားလုံးပေါင်းရင် ကျပ်သိန်းလေးထောင်လောက်တော့ ဆုံးရှုံးခဲ့ရတယ်” လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်မောင်က ဆိုပါတယ်။

နေအိမ်ဆုံးရှုံးသွားတဲ့ ရေလုပ်သားတွေကိုလည်း လုပ်ငန်းရှင်တွေက စောက်ရှောက် ထားရတာကြောင့် လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အစိုးရရဲ့ ချေးငွေကို လုပ်ငန်းရှင်တွေက မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

“၂ နှစ်ဆက်တိုက် ခုလို ဆုံးရှုံးမှုတွေအတွက် လုပ်ငန်းရှင်တွေစိတ်ဓာတ်ကျနေပါပြီ၊ နိုင်ငံတော်အနေနဲ့ အကူညီပေးဖို့တောင်းဆိုပါတယ်”လို့ ကုလားကုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောပါတယ်။

နေအိမ်ဆုံးရှုံးသွားသူတွေအတွက် အစိုးရအဖွဲ့ ၊ တပ်မတော်နဲ့ ဆရာတော်အရှင်ဆေကိန္ဒတို့က လာရောက် ထောက်ပံ့ပေးထားပြီး လုပ်ငန်းရှင်တွေ လုပ်ငန်းပြန်လည်ထူထောင်ဖို့ကိုတော့ အကူအညီ တစ်စုံတစ်ရာ မရသေးဘူးလို့ ဆိုပါတယ်။

ကုလားကုတ်ကျွန်းမှာတော့ လူဦးရေ ငါးထောင်ကျော်နေထိုင်ပြီး ကမ်းနီးကမ်းဝေး ရေလုပ်ငန်းလုပ်ကိုင်သူကတော့ (၁၀၀) ကျော် ရှိပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...