မိုးရွာသွန်းမှုကြောင့် နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်ဆီး

မိုးရွာသွန်းမှုကြောင့် နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်ဆီး

ပြီးခဲ့ဩဂုတ်လ ၃ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ တောင်သူအချို့စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နှမ်းခင်း ၅ဧက စိုက်ပျိုးထားတဲ မသင်းထူးဆန်းက “ မနေ့ညကမှပေါ့ ချောင်းရေကြီးတာလည်းပါမယ်ထင်တယ် မနေ့က လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်းတက်ရင်းနဲ့ နှမ်းခင်းထဲရေဝင်ကုန်ပြီဆိုတာနဲ့သွားကြည့်တော့ နှမ်းကအဲလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။

ရိတ်သိမ်းပြီးစ နှမ်းတွေကို စုပုံထားစဉ် မိုးရွာသွန်းမှုကြောင့် နှမ်းခင်းအားလုံးရေမြှုပ်သွားခဲ့တာပါ။ စမုံနက်အမည်ရှိတဲ့ နှမ်းအထွက်နှုန်းကောင်းတာကြောင့် ခန့်မှန်းခြေ တန်ဖိုးငွေ သိန်း၈၀လောက် ရမယ်လို့ခန့်မှန်းထားကြပါတယ်။

မြှုပ်သွားတဲ့နှမ်းပင်တွေကို ပြန်လိုက်ဆယ်ပြီး ရသလောက်အခြောက်ပြန်ခံမယ်ဆိုရင် ၃ပုံတစ်ပုံပြန်ရနိုင်သလို မရရင်လည်း အားလုံးပျက်ဆီးသွားနိုင်တယ်လို့ မသင်းထူးဆန်းကပြောပါတယ်။

ကုန်းသားကျေးရွာမှာ နှမ်းခင်းရေမြှုပ်ပျက်ဆီးသွားသလို အချို့စိုက်ပျိုးထားတဲ စပါးခင်း၊ ပြောင်းခင်းလည်း မိုးရွာသွန်းမှုကြောင့် ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဦးငှိုင်းက “မိုးလေဝါသမမှန်လို့ပေါ့ များလည်းများလွန်း နည်းလည်းနည်းလွန်းတယ်ပေါ့။ ရေမရှိပေမယ့် မိုးရွာတဲ့ချိန်လည်း များလွန်းပြန်ရော ရေလျှံပြန်ရော အဲလိုမျိုးဖြစ်တာ” လို့ ဆိုပါတယ်။

နှမ်းကိုအဓိက စိုက်ပျိုးကြတဲ့ ဘောလခဲမြို့နယ်မှာတော့ မိုးရွာသွန်းမှုနည်းပါးတာကြောင့် နှမ်းပင်တွေ ညှိုးနွမ်းတာတွေ ခြောက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။

May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...