ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ကမ်းစပ်အနီး နေသူများအား ပြောင်းရွှေ့နေရာချထား

ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ကမ်းစပ်အနီး နေသူများအား ပြောင်းရွှေ့နေရာချထား
ရေးမြို့ ဇီဖြူသောင်ကျေးရွာအနီးမှာ လှိုင်းပြင်းထန်နေ
ရေးမြို့ ဇီဖြူသောင်ကျေးရွာအနီးမှာ လှိုင်းပြင်းထန်နေ

ပင်လယ်ရေလှိုင်းဒဏ် စိုးရိမ်ရတဲ့အတွက် ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာက ကမ်းစပ်အနီးနေထိုင်ကြသူတွေကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းကစပြီး ပြောင်းရွှေ့နေရာ ချထားပေးနေရပါတယ်။

လတ်လလောမှာတော့  ရေလှိုင်းကြီးပြီး ဒီရေတွေတက်လာတာကြောင့် ပင်လယ်ဒီရေ အမြင့်ဆုံးအချိန်မှာ လေပြင်းတိုက်ခတ်ရင် ကျေးရွာကမ်းနဖူးပိုင်းမှာရှိတဲ့ အိမ်တွေ ပြိုကျမှာကို စိုးရိမ်နေရတာပါ။

ဒါကြောင့် အန္တရာယ်မရှိစေဖို့ အိမ်ခြေ ၂၅ အိမ်၊ လူဦးရေ ၁၀၀ နီးပါးခန့်ကို ပြောင်းရွှေ့နေရာချထားပြီး နောက်ထပ် အိမ်တွေကိုလည်း ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“ရာသီဥတုက မငြိမ်သေးဘူး၊ အရင်နှစ်တွေက အိမ်တွေရဲ့အစပ်လောက်ပဲရောက်ပေမယ့် ခုက အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတဲ့အနေအထားမို့ ပြောင်းရွှေ့နေရာချထားမှုတွေလုပ်ပေးနေပါတယ်၊ အဲ့ပတ်ဝန်းကျင်မှာ အိမ်ခြေကတော့ ၁၀၀ လောက်ရှိပေမယ့် စိုးရိမ်ရတဲ့အိမ်ခြေက ၃၀ လောက်ရှိတယ်၊ ထပ်ပြီးပြောင်းရွှေ့ကြဖို့ နှိုးဆော်ပေးနေပါတယ် ” လို့ ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးက ပြောပါတယ်။

ရေလှိုင်းဒဏ်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကြောင့် ပြောင်းရွှေ့နေရာချထားခံသူတွေကိုတော့ ကျေးရွာအတွင်းက ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ထားရှိသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...
June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...