တင်ဒါလုပ်ငန်းမှာ ပိုလျှံငွေနဲ့ ကုန်သွယ်ခွန် အစိုးရကို ပေးသွင်းဖို့ သိန်းရာချီကျန်ရှိနေသေး

တင်ဒါလုပ်ငန်းမှာ ပိုလျှံငွေနဲ့ ကုန်သွယ်ခွန် အစိုးရကို ပေးသွင်းဖို့ သိန်းရာချီကျန်ရှိနေသေး

အန်ထောနီ - ကယားပြည်နယ်ရဲ့ တင်ဒါလုပ်ငန်းတွေထဲမှာ ကုမ္မဏီတွေကနေ အစိုးရကို ကုန်သွယ်လုပ်ငန်းခွန်နဲ့ တင်ဒါပိုလျှံငွေတွေ ပြန်သွင်းဖို့ သိန်းရာချီကျန်ရှိနေပါသေးတယ်လို့ ကယားပြည်နယ် စာရင်းစစ်ချုပ်ဦးအောင်မောင်းက ပြောပါတယ်။

ရှားတောမြို့နယ် ပညာရေးဝန်ထမ်းအိမ်ရာတည်ဆောက်ရေးမှာ ပြီးစီးခဲ့ပြီဖြစ်သော်လည်း တည်ဆောက်ပေးခဲ့တဲ့ ငွေပင်ဆင့် ကုမ္မဏီက ကုန်သွယ်လုပ်ငန်းခွန် ကျပ်တစ်ရာ့ကိုးသိန်း ငါးသောင်းနှစ်ထောင် ၊ တင်ဒါပိုလျှံငွေကိုတော့ မယ်စဲ့မြို့နယ် စီမံကိန်းရုံးကိုတည်ဆောက်တဲ့ GSI ကုမ္မဏီက ကျပ်သိန်း တစ်ရာသုံးဆယ်သုံးသိန်းနှစ်သောင်းခုနှစ်ထောင် အစိုးရကို ပြန်သွင်းဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

“ ဒီအခွန်က အစိုးရကနေသူတို့ကိုပေးထားပြီးသား အမှန်တော့ ဒီကုန်သွယ်လုပ်ငန်းခွန်ဆိုတာ သက်ဆိုင်ရာလုပ်ငန်းရှင်ကသွင်းရမှာပေါ့။ လုပ်ငန်းရှင်ကသွင်းရမှာကို သူတို့ကလုပ်ငန်းရှင်ကိုယ်စား သူတို့ကသွင်းဖို့ဆိုပြီးတော့ ထုတ်ပေးတဲ့ငွေထဲမှာ Estimate ထဲမှာလည်းထည့်တွက်တယ်။ နောက်ပြီးတော့ထုတ်ပေးတဲ့ငွေထဲမှာ ထည့်ပြီးတော့ပေးလိုက်တာ ပေးလိုက်တဲ့ခါကျတော့ ဒီငွေကိုသူတို့ကအစိုးရကိုယ်စားသွားသွင်းပေးရမှာ အဲ့တာမသွင်းပဲနဲ့ သူတို့ဆီပါသွားတာပေါ့နော် ယူပြေးသွားတဲ့သဘောမျိုးပေါ” လို့ပြောပါတယ်။

ကယားပြည်နယ် ပညာရေးမှူးရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုဘတ်ဂျက် ၀၄-၀၂ မှ Type-C ကျောင်းတွေ ၊ ငွေလုံးငွေရင်းလုပ်ငန်းတွေ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ (ငွေလုံးငွေရင်း) လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ ကုမ္မဏီထဲက စစ်ဆေးချိန်ထိကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးသွင်းဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိအခြေအနေထိ ပိုလျှံရန်ပုံငွေကို မပေးသေးတဲ့အတွက် စုံစမ်းနေတယ်လို့ ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦလူစီယားနိုက ပြောပါတယ်။

၎င်းက “အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အဲ့ကုမ္ပဏီနဲ့ဆက်သွယ် စုံစမ်းနေတယ်။ သူတို့မပေးဘူးဆိုရင် တရားစွဲသွားဖို့ရှိတယ်ပေါ့နော်။ အတိုးနှုန်းတက်တာတွေ ပြစ်ဒဏ်ပိုကြီးတာတွေတော့မရှိဘူးထင်တယ်။ အဓိက ကတော့သူတို့ပြန်ပေးရမယ်။ မဟုတ်ရင်တရားစွဲမယ်ပေါ့ အဲ့လောက်ပါပဲ။” လို့ပြောပါတယ်။

ကယားပြည်နယ်ရဲ့ ၂၀၁၈ ခုနှစ် (ဧပြီလကနေ စက်တင်ဘာလအထိ)အတွက် ဘဏ္ဍာငွေ အရအသုံးစာရင်းစစ်ဆေးချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။

မယ်စဲမြို့နယ် စီမံကိန်းရုံးဝန်ထမ်းအိမ်ယာကို (GSI) ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီးနောက် ပိုလျံတဲ့ငွေ ပေးဖို့ကျန်ရှိတာနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာဌာနကနေ တရားစွဲဖို့လုပ်နေတယ်လို့ ဦးအံ့မော်က ပြောပါတယ်။

“ မယ်စဲ့မြို့နယ် စီမံကိန်းရုံးကို ၂၀၁၇-၁၈ တုန်းကဆောက်ခဲ့တာက ကုမ္ပဏီနည်မည်က GSI ( Grade Submit Interstary ) ကုမ္ပဏီလီမီတက်ဆိုပြီးတော့ သူကအဲ့ဒီမယ်စဲ့မြို့နယ်စီမံကိန်းဆောက်တ့နေရာမှ သူကတော့အခွန်မဟုတ်တော့ဘူး ကျနော်တို့စရင်းစစ်ကစစ်တဲ့အခါမှာ သက်ဆိုင်ရာ estimate တို့၊ လုပ်ငန်းမှာလျော့တာတို့၊ ဈေးနှုန်းတွေပိုတွက်ပြတာတို့ အဲ့လိုဖြစ်တဲ့အတွက် သူက (တစ်ရာသုံးဆယ်သုံးသိန်းနှစ်သောင်းခုနှစ်ထောင်) အဲ့ကုမ္ပဏီက ပေးဖို့ကျန်သွားတယ် အဲတာကိုအခုထက်ထိတော့မရသေးဘူး တရားဆွဲဖို့တော့လုပ်နေတယ်လို့တော့ကြားတယ်ပေါ” လို့ပြောပါတယ်။

အဆောက်အဦးကတော့ ဆောင်ရွက်ပြီးစီးခဲ့ပေမယ့် စာရင်းစစ်များသွားရောက်စစ်ဆေးတဲ့အချိန်မှာ အခုလို ပေးသွင်းဖို့ ငွေတွေကျန်နေသေးတာဖြစ်ပါတယ်။

လက်ရှိအခြေအနေထိ ပိုလျှံရန်ပုံငွေကို ဘယ်လောက်ပြန်ပေးနေပြီလဲ ၊ မပေးသေးဘူးလာဆိုတာတော့ မယ်စဲ့မြို့နယ် စီမံကိန်းရုံးအနေနဲ့ တိတိကျကျ မသိရသေးတဲ့အကြောင်းနှင့် ဆောက်လုပ်ပြီးစီးသွားတဲ့ ဝန်ထမ်းအိမ်ယာကိုလည်း အခုချိန်ထိ မလွှဲအပ်နိုင်သေးတဲ့အတွက် ဝန်ထမ်းတွေ တရားဝင် ဝင်ရောက်နေထိုင်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ မယ်စဲ့မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှုး ဦးမျိုးသန်းပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ သူတို့ကသူတို့လုပ်ထားတဲ့အပေါ်မှာ ပြန်ပြီးပေးရမယ်ဆိုတဲ့ဟာမျိုးတွေရှိနေတယ်ဆိုတဲ့ဟာမျိုးတော့ကြားတယ်။ ဘာပဲဖြစ်ဖြစ် သူတို့တော့နိုင်ငံတော်ကိုပြန်လည်ပေးသွင်းရမယ့်ဟာတွေကို အမြန်ဆုံးပေးသွင်းစေချင်တယ်ပေါ့နော်။ နောက်ပြီးတော့မှ ဒီမှာဆိုရင် ၂၀၁၇-၁၈ ကတည်းကဆောက်ထားတယ်ဆိုပေမယ့်လည်း အခုအချိန်ထိက ကျနော်တို့ကို အဆောက်အဦးကမအပ်ရသေးဘူးပေါ့နော် သူတို့ကအရှုပ်အရှင်းတွေဖြစ်နေသေးတဲ့အခါကျတော့ အဲ့တာလေးသူတို့အမြန်ဆုံးပေးသွင်းမယ်ဆိုရင်တော့ ကျနော်တို့ကိုလည်း အမြန်ဆုံးပြန်လည်အပ်ပေးမယ်ဆိုရင်တာ့ ကျနော်တို့ဝန်ထမ်းတွေအတွက် ပိုပြီးမှအဆင်ပြေသွားမှာပေါ့။” လို့ ၎င်းက ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ပြဿနာအရှုပ်အရှင်းတွေကြောင့် ယခုချိန်ထိ အဆောက်အဦးကို သက်ဆိုင်ရာဌာနဆိုင်ရာကို မလွှဲပြောင်းနိုင်သေးတာဖြစ်ပါတယ်။

တင်ဒါလုပ်ငန်းနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတော့ သမ္မတရုံးရဲ့ ညွန်ကြားချက်တွေနဲ့ လုပ်ထုံးလုပ်နည်းအရ စီမံခန့်ခွဲနေတာဖြစ်တယ်လို့ ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးအံ့မော်က ဇူလိုင် ၂၄ ရက်နေ့က အစိုးရ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...