NLD နည်းတူ USDP ပါတီလည်း မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးကို ယှဉ်ပြိုင်မည်

NLD နည်းတူ USDP ပါတီလည်း မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးကို ယှဉ်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နည်းတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP လည်း မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ်တွေမှာတော့ ပြည့်သူ့လွှတ်တော် (၁၀) နေရာ ၊ အမျိုးသားလွှတ်တော် (၁၂) နေရာ ၊ ပြည်နယ်လွှတ်တော် (၂၀) နေရာ နဲ့ ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး (၃) နေရာ စုစုပေါင်း (၄၅) နေရာ ယှဉ်ပြိုင်ရမှာပါ။

NLD ပါတီကတော့ လွှတ်တော်အသီးသီးရဲ့ (၄၅) နေရာလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ (၂၃) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

USDP ပါတီကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မထုတ်ပြန်သေးပေမယ့် မွန်ပြည်နယ်ရဲ့ (၄၅) နေရာလုံးကို ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ USDP ပါတီ မွန်ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က ၄၅ နေရာလုံးကို အပြည့်ဝင်ပါမယ်။ တိုင်းရင်းသား သုံးနေရာ အပါအဝင်ပေါ့ ။ ဗဟိုရဲ့ ခွင့်ပြုချက်ရတာနဲ့ ကိုယ်စားလှယ်စာရင်းကို လူထုတွေကို ချပြမှာပါ” လို့ ဆိုပါတယ်။

ဒေသခံ တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့ မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ် (၄၅)နေရာ အထဲကမှ (၃၅) နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဇူလိုင်လ (၂၆) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေအရ သိရပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ကော်မရှင်ထံ ပါတီအသီသီးကနေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ ဆောင်ရွက်နေကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၇) သိန်းကျော်ရှိပြီး တစ်သိန်းကျော်ကတော့ ယခုမှ စတင်မဲပေးမယ့် လူငယ်တွေ ဖြစ်ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...