၂၁ ရာစု ပင်လုံညီလာခံသို့ အစိုးရက ဖိတ်ကြားလျှင် FPNCC အစီစဉ်ဖြင့် ပါဝင်သွားမည်ဟု KIO ပြော

၂၁ ရာစု ပင်လုံညီလာခံသို့ အစိုးရက ဖိတ်ကြားလျှင် FPNCC အစီစဉ်ဖြင့် ပါဝင်သွားမည်ဟု KIO ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေး စတုတ္ထအကြိမ်နှင့်ပတ်သက်ပြီး အစိုးရဖက်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ဖိတ်ကြားမှုမရှိသေးကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“KIO ကို ဖိတ်ကြားခဲ့ရင်တော့ KIO က FPNCC အဖွဲ့အနေနဲ့ သွားမှာဖြစ်တယ်။ ဖိတ်ကြားခဲ့ရင် KIO ဗဟိုကော်မတီကနေနဲ့ အဲဒီစာကို အသေးစိတ် စဉ်းစားပြီးမှ သွားမလား မသွားဘူးလား ဆုံးဖြတ်မယ်။ သွားလို့ အဆင်ပြေမလား၊ မပြေဘူးလားလည်း ဆုံးဖြတ်မယ်။” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

၂၁ ရာစုပင်လုံညီလာခံ စတုထ္တအကြိမ်ကို လာမည့် သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး COVID- 19 ရောဂါကြောင့် လူဦးရေလျော့ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ရက္ခိုင်တပ်မတော် AA နှင့် တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က လုံခြုံရေး အာမခံချက်ရှိမည်ဆိုပါက ၂၁ ရာစုပင်လုံညီလာခံကို FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှုနှင့်အတူ တက်ရောက်မည်ဟု ဇူလိုင် ၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

ထို့အတူ ကချင်လွတ်လပ်ရေးအဖွဲ့KIO သည်လည်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အတိုင်း အစိုးရမှ ဖိတ်ခေါ်မည်ဆိုပါက FPNCC ၏ လမ်းညွှန်မှုဖြင့် ညီလာခံသို့တက်ရောက်သွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

NLD အစိုးရ သက်တမ်းကုန်ခါနီးနှင့် ရွေးကောက်ပွဲကာလနီးစပ်သည့်အချိန်တွင် ကျင်းပမည့်အဆိုပါညီလာခံသည် ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခုရရှိဖို့ထက် ရွေးကောက်ပွဲ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုအဖြစ်သာ ရှုမြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအင်ခွမ်လဆန်အောင်က ဆိုသည်။

“ဒီညီလာခံမှာ အဖြေထွက်ဖို့ မထွက်ဖို့ဆိုတာထက် ရွေးကောက်ပွဲ နိုင်ငံရေးအမြတ်ထုတ်ဖို့လို့ သုံးတပ်မိပါတယ်။ ဘာဖြစ်လို့ဆိုရင် ငြိမ်းချမ်းရေးညီလာခံကို ကြည့်လို့ရှိရင် Covid ကြောင့်ပဲ မဟုတ်ဘူး Bilatral လက်မှတ်ထိုးဖို့ မြောက်ပိုင်းအဖွဲ့နှင့် ဆွေးနွေးတာပဲဖြစ်ဖြစ် တောင်ပိုင်းက NCA-S EAO တွေပဲဖြစ်ဖြစ် အားလုံးက Dead lock ဖြစ်နေတယ်။ NLD ရဲ့သက်တမ်းကုန်ခါနီးမှာ အလုပ်မဖြစ်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို တစ်ခုခုအနေဖြင့် အဆုံးသတ် ရှေ့ဆက်လုပ်ဆောင်နေတယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် လုပ်နေတယ်လို့မြင်တယ်။ ဒါကြောင့် စတုတ္ထအကြိမ် ပင်လုံညီလာခံသည် အဖြေတစ်ခုခုထွက်လာမှာ မဟုတ်ဘူးလို့ သုံးတပ်မိပါတယ်။’’ ဟု ဦးအင်ခွမ်လဆန်အောင်က သုံးသပ်ပြောဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံအစည်းအဝေး ပထမအကြိမ်ကို ၂၀၁၆ ခုနှစ်၊ ဒုတိယအကြမ်ကို ၂၀၁၇ နှင့် တတိယအကြိမ် ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့တွင် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA/ ကိုးကန့်)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင်တပ်မတော် (AA) တို့ ပါဝင်ပါတယ်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...