ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေဆို

ဒေသအခြေစိုက်တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေဆို

ခွန်းကလိုင်းဖရီး - နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကယား(ကရင်နီ) ပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအတွက် ဝန်းရံကူညီသွားမယ်လို့ ကရင်နီပြည်အရပ်ဘက်လူငယ်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ခုပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကရင်နီပြည်လူမျိုးစုလူငယ်ထု တွေ့ဆုံနှီး နှောဖလှယ်ပွဲကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အတိုင်းဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးစုလူငယ် ဦးဆောင် ကော်မတီ ဘုတ်အဖွဲ့ဝင် ခွန်းသောမတ်က ပြောပါတယ်။

“ စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပေးတာမျိုးပေါ့။ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ကယောခွင်ထဲရောက်ရင်တော့ ကယောလူငယ်တွေကို လွှတ်ပေးတာမျိုး၊ ကယန်းခွင်ထဲရောက်ရင်တော့ ကယန်းလူငယ်တွေကို လွှတ်ပေးထားမျိုး။ အဲဒါမျိုးနဲ့ ဝန်းရံဖို့ အားလုံးက သဘောတူထားကြတယ်လို့” ၎င်းက ဆက်ပြောပါတယ်။

အဆိုပါ ကရင်နီပြည်လူမျိုးစုလူငယ်ဦးဆောင်ကော်မတီကို ကယားလူမျိုးစုလူငယ်၊ ကယောလူမျိုးစုလူငယ်၊ ကယန်းလူမျိုးစုလူငယ်၊ ကော်ယော်လူမျိုးစုလူငယ်၊ ယင်းတလဲလူမျိုးစုလူငယ်နဲ့ ကရင်လူမျိုးစုလူငယ် စတဲ့ ကယား(ကရင်နီ)ပြည်နယ်တွင်းမှာ နေထိုင်တဲ့ လူမျိုးစုလူငယ် (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

“အဓိကက တိုင်းရင်းသားပါတီ ပြည်နယ်အခြေစိုက် နှစ်ပါတီက KNP ရယ် KySDP ရယ် ဝန်းရံဖို့ပေါ့နော်။ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့က သဘောထားကျထားပြီ၊ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အတိုင်းပဲပေါ့နော်။” လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

ထို့အပြင် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ နော်ဖောဝါးကလည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ဝန်းရံသွားမယ်လို့ ခုလို ပြောပါတယ်။

“ ကျမတို့ LAIN အနေနဲ့ကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေသအခြေစိုက်ပါတီတွေကို ဝန်းရံသွားဖို့ ကျမတို့ ဆုံးဖြတ်ထားပါတယ်။ ဒေသအခြေစိုက်ပါတီတွေဖြစ်တဲ့အတွက် ကျမတို့ ပြည်နယ်ရဲ့ အခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေ သူတို့က ပိုပြီးသိတယ်” လို့ ပြောပါတယ်။

ဒေသအခြေစိုက်ပါတီတွေသာ အစိုးရယန္တရား၊ လွှတ်တော်ကဏ္ဍတွေမှာ ရောက်လာမယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမို ထိရောက်စေနိုင်သလို တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုခရီးလမ်းကို ပိုပြီး သွားနိုင်မယ်လို့ သူက ဆိုပါတယ်။

ဒေသအခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယန်းအမျိုးသားပါတီ(KNP)နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီ (KySDP) တို့ မဟာမိတ်ဖွဲ့ထားပြီး ကယားတစ်ပြည်နယ်လုံး မဲဆန္ဒနယ်မြေ (၃၄) နေရာအနက် KysDP က နေရာ (၃၀) နဲ့ KNP က (၄) နေရာသာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...