မိုင်းဟောင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရ ကလေးငယ် ၄ ဦးအနက် တစ်ဦးအား မဲဆောက်ဆေးရုံသို့ လွဲှပြောင်း

မိုင်းဟောင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရ ကလေးငယ် ၄ ဦးအနက် တစ်ဦးအား မဲဆောက်ဆေးရုံသို့ လွဲှပြောင်း

ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့ကလေ့ကျေးရွာအုပ်စု၊ သေ့ဝါးပူကျေးရွာ အပြင်ကွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က မိုင်းဟောင်း တစ်လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ၄ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိနေသည့်အတွက် မြဝတီဆေးရုံမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံသို့ ယနေ့ မွန်းလွဲပိုင်းတွင် လွဲပြောင်းလိုက်ပြီဟု သိရသည်။

ယမန်နေ့၊ နေ့လည် ၁၂ အချိန်ခန့်က အဆိုပါ ကလေးငယ်များသည် ရွာထဲရှိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ စခန်း ဟောင်း တစ်နေရာတွင် သွားရောက်နွားကျောင်း နေစဉ် ၎င်းမိုင်းဟောင်းကို ထိမိပေါက်ကွဲခဲ့သည့်အတွက် စောဆာသူးလေ ၁၃ နှစ်၊ စောပေါ်ကူ ၁၂နှစ်၊ စောမောင်ခန့် ၁၄နှစ် နှင့် စောကျော်ကလယ် ၁၃နှစ်တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး ထိုနေ့တွင် မြဝတီဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

ထိုအထဲတွင် စောဆာသူးလေ ဆိုသူမှာ ယာဘက် လက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနှင့် ဦးခေါင်း တွင် မိုင်းစထိမှန်ဒဏ်ရာတို့ဖြင့် စိုးရိမ်ရသည့် အခြေအနေကြောင့် မဲဆောက်ဆေးရုံသို့  ထပ်မံ လွဲပြောင်းကု သမှုခံယူရခြင်းဖြစ်သည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သော ကလေးငယ်များကို မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြဝတီရှေ့တန်ရုံး (ခလရ ၉၇)နှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့တို့မှ ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သလို လူနာလွဲပြောင်းရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့လည်း လိုက်ပါ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...