ရှထိုးဇွပ်ကျေးရွာ ရေးဘေးသင့်ပြည်သူများအတွက် အကူအညီလိုအပ်နေ

ရှထိုးဇွပ်ကျေးရွာ ရေးဘေးသင့်ပြည်သူများအတွက် အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဟူးကောင်းလီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး ကျေးရွာအိမ်ခြေ ၂၀၀ ခန့်ရေဘေးသင့်နေကြောင်း ကျေးရွာအုပ်ချူပ်ရေးမှူးထံမှ သိရသည်။

ဇူလိုင် ၁၉ ရက်ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်း ၂ နာရီ မှ ၃ နာရီအတွင်း ရေစတင်ဝင်ရောက်လာခြင်းဖြစ်ပြီး နေအိမ်၊ စာသင်ကျောင်းနှင့် စစ်ရှောင်စခန်းတို့တွင် ရေပြည့်သွားသဖြင့် စစ်ပြေးဒုက္ခသည်များကိုလည်း ဘုရားကျောင်းဝင်းသို့ ရွှေ့ပြောင်းနေရာချပေးထားသည်ဟု ဆိုသည်။

“ စာသင်ကျောင်းတွင်း ဆရာမတွေနေတဲ့ နေရာ အကုန်ရေပြည့်နေတယ်။ ဆရာမတွေကို ကုန်းဘက် ရေမရောက်တဲ့နေရာ ရွှေ့ထားတယ်။ စစ်ရှောင်စခန်းလည်း ရေပြည့်သွားတော့ နဂိုစစ်ရှောင်တွေနေတဲ့နေရာတွေလည်း ဘုရားကျောင်းတွင်းတော့ဟုတ်တယ်။ ဘုရားကျောင်းကနှစ်ခုရှိတဲ့အထဲ ရေမရောက်တဲ့ကုန်းဘက်က ဘုရားကျောင်းဆီရွှေ့ပြီး နေရာချထားပေးတယ်။” ဟု ရှထိုးဇွပ်ဒေသခံ ဆရာမုန်ဂျတ်ဒွဲ ကပြောသည်။

ရေဘေးသင့်နေသော စစ်ရှောင်ပြည်သူများနှင့် ရွာသားများအတွက် ကူညီရေးနှင့် ကယ်ဆယ်ရေးများ မရောက်ရှိသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“အခုတော့ ရေဘေးသင့်အိမ်ခြေတွေကို ရေမရောက်တဲ့ ကုန်းဘက်ကိုရွှေ့ထားဆဲဖြစ်တယ်။ ရေကြီးတဲ့အထဲ သူတို့ဆန်တွေကအစ ပါသွားပြီပေါ့။ ရေကျသွားတဲ့အချိန်ထိစောင့်ပြီး ရေကျသွားတော့မှ ကိုယ့်နေအိမ် ကိုယ်ပြန်နေဖို့စီစဉ်နေတာ သူတို့အတွက် စားစရာ ကအစ ကူညီထောက်ပံ့မှုတွေလိုအပ်လိမ့်မယ်။” ဟု ရှထိုးဇွပ် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးနော်ဒီးက ပြောသည်။

ရှဒူးဇွပ်ကျေးရွာတွင် လွန်ခဲ့သော ၄ နှစ်တုန်းခန့်က ရေကြီးခဲ့သော်လည်း ယခုနှစ်ရေကြီးမှုသည် ပိုဆိုးရွားကြောင်းသိရသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...