ရေးမြို့နယ် မဲဆန္ဒရှင်စာရင်းမှာ မှတ်ပုံတင်မရှိတဲ့ လူဦးရေ (၅)သောင်းကျော် စာရင်းထည့်သွင်းရန် ကျန်

ရေးမြို့နယ် မဲဆန္ဒရှင်စာရင်းမှာ မှတ်ပုံတင်မရှိတဲ့ လူဦးရေ (၅)သောင်းကျော် စာရင်းထည့်သွင်းရန် ကျန်
သတင်းနှင့်ဓာတ်ပုံ - ရဲနိုင်
သတင်းနှင့်ဓာတ်ပုံ - ရဲနိုင်

ရေးမြို့နယ်အတွင်းမှာ မှတ်ပုံတင်မရှိတဲ့ မဲပေးနိုင်သူ ဦးရေ (၅)သောင်းကျော်ကို မဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းဖို့ ကျန်ရှိနေတယ်လို့ ရေးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ စာရင်းတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ပြီး မဲဆန္ဒရှင်စာရင်း ကောက်ယူခဲ့ချိန်မှာ မှတ်ပုံတင်မရှိတဲ့သူတွေ၊ ပျက်စီးသွားတဲ့သူတွေနဲ့ မှတ်ပုံတင်နံပတ် မမှတ်မိတဲ့သူတွေကို စာရင်းသွင်းဖို့ ကျန်ရှိခဲ့တာပါ။

ကျန်ရှိခဲ့တဲ့ လူဦးရေစာရင်းကို ဇူလိုင်လအကုန်မှာ အပြီးသတ် ကောက်ခံနိုင်ဖို့အတွက် စေတနာဝန်းထမ်း (၂၀၀) ကျော်က ကူညီပေးသွားမှာဖြစ်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ဦးဆောင်သူတွေကို ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇူလိုင်လ (၁၅)ရက်နေ့က သင်တန်းပို့ချခဲ့ပါတယ်။

ကျန်ရှိခဲ့တဲ့ လူဦးရေစာရင်း အတိအကျ ရရှိခဲ့ရင် မှတ်ပုံတင်ပြုလုပ်ပေးဖို့ လိုအပ်သူတွေကို ရွေးကောက်ပွဲအမှီ မဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းပေးနိုင်အောင် နိုင်ငံသားစီစစ်ရေးကတ်တွေ ပြုလုပ်ပေးသွားမယ်လို့ ရေးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။

“မဲစာရင်းအပေါက်တွေကို ကော်မရှင်က ရထားပြီးပြီ၊ ကောက်ခံမယ့်သူတွေအနေနဲ့ နိုင်ငံသားမှတ်ပုံတင်နေရာမှာ ကွက်လပ်ဖြည့်ဖို့ကျန်တဲ့သူတွေကိုသာ လိုက်လံစစ်ဆေးဆောင်ရွက်မှာဖြစ်တယ်၊ လာမယ့်ရွေးကောက်ပွဲအမှီ နိုင်ငံသားကတ်ဖြည့်သွင်းရမယ့်သူတွေပေါ်လာရင် ကျွန်တော်တို့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံသားကတ်ရရှိဖို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်” လို့ ဆိုပါတယ်။

အခုလို လူဦးရေစာရင်းကောက်ယူဖို့ ကူညီမယ့် စေတနာ့ဝန်ထမ်းတွေမှာ နိုင်ငံရေးပါတီဝင်တွေ ပါဝင်တဲ့အတွက် စာရင်းကောက်ယူရင်း မဲဆွယ်စည်းရုံးတာမျိုးမဖြစ်အောင် ဦးဆောင်သူတွေကို သတိပေးထားတယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ရေးမြို့နယ်မှာ မဲဆန္ဒရှင် နှစ်သိန်းသုံးထောင်ကျော်ရှိပြီး ယခုနှစ်မှ စတင်မဲပေးမယ့် လူငယ် သုံးသောင်းကျော် ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်အတွင်းမှာ မဲရုံ (၁၁၀) ဖွင့်လှစ်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ နောက်ထပ် (၁၇) ရုံလောက် ထပ်မံ ဖွင့်လှစ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...