ရေးမြို့က ပရဟတိလူငယ်ကို ဓားဖြင့်ထိုးသတ်ခဲ့သူအား (၈)ရက်ကျော်အတွင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး

ရေးမြို့က ပရဟတိလူငယ်ကို ဓားဖြင့်ထိုးသတ်ခဲ့သူအား (၈)ရက်ကျော်အတွင်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး

မွန်ပြည်နယ် ရေးမြို့နယ်က ရေးမြို့မိသားစုပရဟိတအသင်းဝင် လူငယ်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့တဲ့ တရားခံလို့ စွပ်စွဲခံရသူတစ်ဦးကို ဇူလိုင်လ (၁၅)ရက်နေ့ညမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် (၂၆) နှစ်အရွယ် ပရဟိတအဖွဲ့ဝင် လူငယ်ဟာ ဇူလိုင်လ(၇)ရက်နေ့ ညမှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ဒီမြင်ကွင်းကို ကနဦး တွေ့ရှိခဲ့သူ (၃)ဦးအား အကြိမ်ကြိမ် စစ်ဆေးရာကနေ တရားခံလို့ ယူဆရသူကို ဖော်ထုတ်နိုင်ခဲ့တာပါ။

သူတို့ရဲ့ ပြောဆိုချက်အရ သေဆုံးသူကို အမူးလွန်နေတဲ့ ဝမ်းကွဲအကို တော်စပ်သူ ထက်အောင်က ငွေကျပ် (၅၀၀၀) ချေးရာကနေ ချေးဌားလို့ မရတဲ့အတွက် ဓားဦးချွန်နဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။

“သူကျူးလွန်ခဲ့တယ်လို့သုံးသပ်ပါတယ်၊ အခင်းဖြစ်စဉ်ကဝတ်ဆင်ခဲ့တဲ့ သက်သေခံပစ္စည်းတွေကို ရထားပြီးလို့ ဆက်လက်စစ်ဆေးဖို့ ဆောင်ရွက်ပါ့မယ်၊ခရိုင်မှုခင်းအကူဌာနစိတ်နဲ့ ရေးမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေ၊ အမာခံတွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် ခုလို ဖမ်းဆီးရမိခဲ့တာပါ '' လို့ ရေးမြို့မ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောပါတယ်။

အခုလို လူသတ်တရားခံလို့ ယူဆရသူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်လို့ ရဲတပ်ဖွဲ့ကို မြို့ခံတွေက အားရကျေနပ် နေကြပါတယ်။

“အချိန်တိုတွင်းမှာအမှုမှန်ပေါ်ပေါက်အောင်ဖမ်းဆီးပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်၊နောင်လည်း လူသတ်မူတွေ၊ ခိုးဆိုးလုနှိက်မူတွေမပေါ်ပေါက်ရအောင် အခုရထားတဲ့ နာမည်ကိုဆက်လက်ထိန်းသိမ်းပြီး ပြည်သူလူထု အားကိုးထိုက်တဲ့ ပြည်သူရဲများဖြစ်အောင်စွမ်းဆောင်ပေးကြဖို့မေတ္တာရပ်ခံပါတယ်”လို့ ရေးမြို့မိသားစု ပရိဟတိအသင်းဥက္ကဌ ကိုအောင်ခန့်ဟိန်းက ပြောပါတယ်။

လူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တရားခံလို့ ယူဆရသူကို ရေးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၀၂) နဲ့ အမှုဖွင့်ထားပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...