ဂိုင်ဒေါ်ကျေးရွာက ၅ လောင်းပြိုင်လူသတ်မှု တရားခံ ၃ ဦးကို KIO အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေး

ဂိုင်ဒေါ်ကျေးရွာက ၅ လောင်းပြိုင်လူသတ်မှု တရားခံ ၃ ဦးကို KIO အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေး
  အသတ်ခံရသော မိသားစုဝင်များ (ဓါတ်ပုံ – RVA Kachin)
အသတ်ခံရသော မိသားစုဝင်များ (ဓါတ်ပုံ – RVA Kachin)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဂိုင်ဒေါ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ၅ လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ဦးကို KIO ဗန်းမော်မြို့နယ်တရားရုံးတွင် စစ်ဆေးပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေးရန် ပြင်ဆင်နေကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူထံမှ သိရသည်။

“အခုဖမ်းဆီးအရေးယူထားတဲ့ တရားခံ ၃ဦးကို ဘာကြောင့် လူသတ်မှုဖြစ်ပွားခဲ့တယ်။ ဒီလူသတ်မှုမှာဘာကြောင့် ပါဝင်ခဲ့တယ်။ ဒီအချက်တွေကို KIO ဗန်းမော်မြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပြီဖြစ်တယ်။ အခုက ဒီအမှုကို စီရင်ချက်ချပေးဖို့ အရှေ့ပိုင်းခရိုင်တရားရုံးကို တရားခံလူနဲ့တကွ အမှုတွေကို အပ်နှံပေးခဲ့ပြီ” ဟု ပြောဆိုသည်။

လူသတ်မှုဖြစ်ပွားခဲ့သော နေရာသည် KIO ထိန်းချုပ်နယ်မြေအတွင်းဖြစ်နေသောကြောင့် ၎င်းအမှုကို KIO အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပြန်လည် စစ်ဆေးနေပြီး စီရင်ချက်ချမည့်ရက်ကို အသေးစိတ်မသိရသေးကြောင်း သူကဆက်လက်ပြောဆိုသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် အဓိကပြဿနာအကြောင်းအရင်းမှာ ဘိုးဘေးစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုကြောင့် ယခုလိုလူသတ်မှုအဆင့်ထိဖြစ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဆိုသည်။

ဇူလိုင် ၂ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၃ရက်နေ့တွင် တရားခံ ၃ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

KIO ၏တရားစီရင်ရေးတွင် ပြစ်မှုကျူးလွန်းသည့်အပေါ်မူတည်၍ ပြစ်ဒဏ်ချမှတ်မှုများပြုလုပ်ရာတွင် လူသတ်မှုအတွက် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ဂိုင်ဒေါ်ရွာရှိ ဦးယာကု လန်းဇိန်းတန်ဂွမ်း၊ ဒေါ်ဆွမ်လွန်ထုနန် တို့ မိသားစုဝင် ၅ ဦးဖြစ်ကြောင်း သိရသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...