ဖွံ့ဖြိုးမှုနောက်ကျရခြင်းက မငြိမ်းချမ်းခြင်းရဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

ဖွံ့ဖြိုးမှုနောက်ကျရခြင်းက မငြိမ်းချမ်းခြင်းရဲ့အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

ရှားတောမြို့နယ် ဖွံ့ဖြိုးမှု နောက်ကျရခြင်းအကြောင်းအရင်းတွေထဲမှာ မငြိမ်းချမ်းခြင်းရဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

“ ကျေနပ်အားရမှု မရှိတဲ့အပိုင်းက ဘာလည်းလို့ပြောပါဆိုလို့ရှိရင်တော့ ဒါကတော့ ကျမတို့ တစ်မြို့နယ်ထဲနဲ့သက်ဆိုင်တာ မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကတော့ ဘာလည်း ဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ကျမတို့ရှားတောမြို့နယ်က ကယားပြည်နယ်ထဲမှာ ဆိုလို့ရှိရင် ဖွံ့ဖြိုးမှုနောက်ကျရခြင်း အကြောင်းအရင်းထဲမှာ မငြိမ်းချမ်းခြင်းရဲ့အကြောင်းအရင်းက တစ်ခုပါတယ်ပေါ့။” လို့ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်က အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်မှု ရှိပေမဲ့လဲ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ဖို့အတွက်တစ်နိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမာ ပါဝင်ဖို့အတွက်ကတော့ ကျေနပ်အားရမှု ရရှိဖို့က လိုအပ်နေသေးတယ်လို့ ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။

၎င်းက “ ၂၀၁၂ ရဲ့နောက်ပိုင်းမှာကျမတို့ ကျမတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပြီးခဲ့တဲ့ ကာလရဲ့အစိုးရရဲ့ကြားထဲမှာ သဘောတူညီမှုတွေ ရခဲ့တယ်။ ထိုနည်း၎င်းဘဲ အခုကျမတို့အခုလက်ရှိသွားနေတဲ့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ညီညီညွှတ်ညွတ်နဲ့သွားနေတဲ့ အားနဲ့ကျမတို့အတိုင်းအတာ တစ်ခုထိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သွားနိုင်နေပေမဲ့လည်း အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ဖို့ တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်ဖို့အတွက်ကတော့ ကျမတော့ အနည်းငယ် ကျေနပ်အားရမှု ရရှိဖို့အတွက်လိုအပ်နေသေးတယ်လို့မြင်ပါတယ်။” ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အနိုင်ရခဲ့ပြီးတဲ့နောက်တော့ ရှားတောမြို့နယ်အတွင်းမှာ စတင်တာဝန်ယူခဲ့ချိန် မှစပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေအနေနဲ့ ကျေးရွာတွေမှာ ရွာချင်းဆက်လမ်းတွေအနေနဲ့ မြေသားလမ်းတွေ ဖောက်လုပ်တာတွေ၊ ကတ္တာရာလမ်းခင်းတာတွေ ၊ လျှပ်စစ်မီသွယ်တာတွေကိုတောင်ဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာဖွံ့ဖြိုးတိုးတက်မှု လမ်းတံတားအဆောက်အဦးထက် လူတိုင်းရဲ့ အသိပညာ၊ အတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ KNPP ရဲ့ ရှားတောမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောပါတယ်။

“ကျတော်တို့လိုချင်တဲ့ ဖွံ့ဖြိုးရေးက အဓိကလူသားတွေရဲ့အသိဉာဏ်တည်ဆောက်တဲ့ ဖွံ့ဖြိုးရေးမျိုး။ အဲ့ဒါမှနောက်ပိုင်းမှဘဲ ဒီအဆောက်အဦးတို့၊ လမ်းတံတားတို့ ဒါက သူတို့တန်ဖိုးရှိလာမယ်ဆိုတဲ့ အမျှော်အမြင်ရှိလာနိုင်တယ်။ အစိုးရကလူထုခေါင်းဆောင် တစ်ယောက်နှစ်ယောက် သဘောထားကို ယူပြီးတော့မှ လမ်းဖောက်တာ တံတားဆောင်တာလုပ်သွားတာက တစ်ချို့ကတောင်မသိဘူး ဆိုတဲ့အပေါ်မှ အခုဏပြောတဲ့ ဖွံ့ဖြိုးရေးက ကျတော်တို့မတူတာတော့ အဲ့ဒါတော့ပြောချင်တယ်။” လို့ ဦးဘိုးရယ်က ပြောပါတယ်။

မေလ ၁၆ရက်နေ့က မြန်မာ့အစိုးရစစ်တပ်နဲ့ ကရင်နီ တပ်မတော်တို့ ရှားတောမြို့နယ် အလယ်ပိုင်းဒေသမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်မောင်းအရပ်သား တစ်ဦး သေဆုံးခဲ့တာနဲ့ပတ်သတ်ပြီးတော့လည်း ရှားတောက ဒေသခံတွေက စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။

KNPP ကတော့ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရှားတောမြို့နယ်အတွင်းမှာ အိမ်ခြေ ၉၆၂ လုံးသာရှိပြီး လူဦးရေ စုစုပေါင်း ၇၇၀၀ ကျော် ရှိပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...