၁၆ နှစ်အရွယ် မိန်းကလေးအား သွေးဆောင်ဖြားယောင်း၍ ခိုးယူပေါင်းသင်းသူ တရုတ်နိုင်ငံသားအား အမှုဖွင့် ဖမ်းဆီးထား

၁၆ နှစ်အရွယ် မိန်းကလေးအား သွေးဆောင်ဖြားယောင်း၍ ခိုးယူပေါင်းသင်းသူ တရုတ်နိုင်ငံသားအား အမှုဖွင့် ဖမ်းဆီးထား

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကာဆီနိုရုံတွင် အလုပ်လာလျှောက်သည့် အသက် ၁၆ နှစ် အရွယ် မြန်မာမိန်းကလေး တစ်ဦးအား သွေးဆောင်ဖြားယောင်း၍ ဟိုတယ်တစ်ခုတွင် ၁၂ ရက်ကြာ ခိုးယူပေါင်းသင်းသူ တရုတ်နိုင်ငံသားတစ်ဦးအား မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ၂၈ ရက်နေ့က မြဝတီမြို့အမှတ် ၃ ရပ်ကွက် မြဝတီ-မဲ့ထော်သလေးသွား ကားလမ်းနံဘေးရှိ  ကာစီနိုရုံသို့ သွားရောက်အလုပ်လျှောက်သူ မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ကျွန်းတောရပ်နေ မ×××(၁၆)နှစ် သည် ယင်းနေ့ ညနေ ၅ နာရီ အချိန်၌ ၎င်း"ဘောက်တီ" ကာစီနိုရုံမန်နေဂျာတရုတ်နိုင်ငံသား Mr.Luo. Xiaoguang ဆိုသူမှ အလုပ်ပေးမည်ဟုဆိုကာ မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ "သုခဝတီ” ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုဟိုတယ်၌ ဇူလိုင်လ ၉ ရက်နေ့ထိ (၁၂)ရက်ကြာ ခိုးယူပေါင်းသင်းနေထိုင်ခဲ့ပြီးလျှင် ထိုမှတစ်ဆင့် မြဝတီမြို့အမှတ်(၃)ရပ်ကွက်၊ မြဝတီ မဲ့ထော်သလေးသွားကားလမ်းရှိ“ဘောက်တီ”ကာစီနိုဆိုင်တွင် ဆက်လက်နေထိုင်ခဲ့ပြီး ဖြားယောင်းသွေးဆောင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ မ×××(၁၆)နှစ်၏ ပြောကြားမှုမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့အမှတ်(၃) ရပ်ကွက် ရာအိမ်မှူးနှင့် ရပ်မိရဖတို့မှ အဆိုပါ တရုတ်နိုင်ငံသား Mr.Luo. Xiaoguang အား သွားရောက်ခေါ်ဆောင်ပြီး ၎င်းမိန်းကလေးငယ်၏ မိခင်ဖြစ်သူမှ  ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းက မြဝတီရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ မြဝတီမြို့ ရဲစခန်းမှ တရုတ်နိုင်ငံသား Mr.Luo. Xiaoguang အား အရွယ်မရောက်သေးသူကို ထိမ်းမြားလက်ထပ်ရန် ဖြားယောင်းသွေးဆောင်ပြီးအဓမ္မ ခေါ်ယူပေါင်းသင်းသည့်အတွက် ဖမ်းဆီးလိုက်ပြီး (ပ)၄၄၁/၂ဝ၂ဝ၊ ရာဇသတ်ကြီး ပုဒ်မ- ၃၆၃/၃၆၆ ဖြင့်အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...