သတင်းမီဒီယာတွင် ဖြေကြားခဲ့သော ဟုမ္မလင်းမြို့နယ်မှ ကျေးရွာသား တစ်ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး

သတင်းမီဒီယာတွင် ဖြေကြားခဲ့သော ဟုမ္မလင်းမြို့နယ်မှ ကျေးရွာသား တစ်ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီး

စစ်ကိုင်းတိုင်း‌ဒေသ ဟုမ္မလင်းမြို့ယ် စေတီဆိပ်ကျေးရွာသားတစ်ဦးဖြစ်သူ ဦးလူကျန်အား မြန်မာ့တပ်မတော်မှ လာရောက်ဖမ်းဆီးကာ တရားမဝင်အသင်းနှင့်ဆက်သွယ်မှု ၁၇/၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း နမ့်တောကျေးရွာ ပြည်သူရဲဌာနမှ ဒုရဲအုပ်လီလျံစိုးက ရှမ်းနီအသံသို့ အတည်ပြုပြောကြားသည်။

“ ဒီနေ့ပဲ ဟုမ္မလင်းရဲစခန်းကို လွဲလိုက်ပါပြီ။ ၁၇/၁ နဲ့ စွဲတာပါ။” ဟု ၄င်းကပြောကြားသည်။ဟုမ္မလင်းသို့ လွဲပြောင်းသည်မှာ မှန်ကန်ကြောင်းနှင့် လမ်းခုလပ်တွင် ရှိသေးကြောင်း ဟုမ္မလင်း ပြည်သူ့ရဲတပ်ဖွဲ့ မြို့နယ်မှူး ဦးမျိုးမျိုးက ပြောကြားသည်။

“တပ်မတော်ကနေ ဖမ်းပြီးတော့ ကျွန်တော်တို့ကို တရားလိုလုပ်ပြီး အမှုဖွင့်တာလေ။ နမ့်တောမှာလေ။ လွဲတာမဟုတ်ဘူး။ အချုပ်က ဟုမ္မလင်းမှာပဲ ရှိတာလေ။ တရားရုံးကို ပို့ရမှာကိုး ။ အခုက ရမန်ယူတဲ့အဆင့်ပဲ ရှိသေးတယ်လေ။ ရမန်ယူပြီးတဲ့ အခါကျမှ တရားရုံးကိုပို့ပြီး တရားစွဲရမှာလေ။” ဟု ၄င်းကပြောကြားသည်။

ဦးလူကျန်အား ဇူလိုင် ၁၁ ရက်နေ့ ၄င်းနေအိမ်ရှိရာစေတီဆိပ်ကျေးရွာသို့ မြန်မာ့တပ်မတော် ကသာတပ်ရင်းမှ တပ်မတော်သားများက ဗျူဟာမှူးမှ မေးစရာရှိ၍ဟုဆိုကာ လာရောက်ခေါ်ဆောင်ရာ ကျေးရွာလူကြီးနှင့် ရပ်မိရပ်ဖများလိုက်ပါ၍ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးရဲကျော်ထံသို့ သွားရောက်ခဲ့ကြောင်းနှင့် စစ်ဆေးမေးမြန်းမှူးများ ပြုလုပ်ပြီး ရပ်ရွာလူကြီးများအား အရင်ပြန်ခိုင်းကာ ဦးလူကျန်အား မေးစရာရှိသေးသည်ဆိုပြီး ခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောကြားသည်။

ဦးလူကျန် အဖမ်းမခံရမီ ဇူလှိုင်လ ၆ ရက်နေ့တွင် ရှမ်းနီအသံဂျာနယ်သို့ ဆက်သွယ်လာပြီး ၄င်းခရီးထွက်နေစဉ်အတွင်း ၄င်း၏နေအိမ်တွင် မြန်မာ့တပ်မတော်သားများ အကြိမ်ကြိမ်လာရောက်၍ မေးမြန်းကြောင်း ဗျူဟာမှူးထံသွားရောက်တွေ့ဆုံရန် စိတ်ကူးထားကြောင်း ဆက်သွယ်ပြောကြားလာမှု ရှိထားပါသည်။

၄င်းကို လာရောက်မေးမြန်းခြင်းနှင့် ပတ်သက်၍ အကြောင်းစုံ မသိရသေးသော်လည်း ၂၀၁၈ ခုနှစ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့်ပတ်သက်၍ ပြည်တွင်း သတင်းမီဒီယာတစ်ခုတွင် ရုပ်သံအင်တာဗျုး ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်သည်ဟု သိထားကြောင်းလည်း ၄င်းကပြောဆိုခဲ့ပါသည်။

ယခုရက်ပိုင်းအတွင်း ဟုမ္မလင်းမြို့နယ် ကျေးရွာအချို့တွင် မြန်မာ့တပ်မတော်မှ အိမ်ထောင်စုများ ဝင်ရောက်စစ်ဆေးနေမှုများ ရှိနေကြောင်းလည်း ရှမ်းနီအသံမှ စုံစမ်းသိရှိရပါသည်။

April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...