ဖလုံ-စဝေါ်က ကိုယ်စားလှယ် ခွဲတမ်းရယူကာ KNDP အမည်ဖြင့် ရွေးကောက်ပွဲဝင်မည်

ဖလုံ-စဝေါ်က ကိုယ်စားလှယ် ခွဲတမ်းရယူကာ KNDP အမည်ဖြင့် ရွေးကောက်ပွဲဝင်မည်

စောရှား - ကရင်ပြည်နယ်တွင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ကိုယ်စားလှယ်ခွဲတမ်းရယူကာ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ -KNDP အမည်ဖြင့်သာ ရွေးကောက်ပွဲဝင်ပြိုင်ရန် စီစဉ်ထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး စောကြည်လင်းက ဇူလိုင် ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကရင်ပြည်နယ်မှာ ဖလုံ-စဝေါ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဘယ်လို စီစဉ်ထားလဲဆိုတော့ ဝင်ပြိုင်မယ့် နေရာ ကိုယ်စားလှယ်ခွဲတမ်းကို KNDP နဲ့ ညှိနှိုင်းယူမယ်။ သံတောင်ကြီးနဲ့ ဖာပွန်ကို မဝင်ဘူး။ ကျန်တဲ့ ၅ မြို့နယ်မှာ ညှိနှိုင်းပြီး ဖလုံ-စဝေါ် ပါတီဝင်တွေဝင်မယ်။ ဒါပေမယ့် ဘာခေါင်းစဉ်နဲ့ သွားမလဲ ဆိုတော့ KNDP အနေနဲ့ပဲ သွားမယ်” ဟု ပြောသည်။

သို့သော် နိုင်ငံရေးပါတီတစ်ခု အနေဖြင့် အနည်းဆုံး မဲဆန္ဒနယ် (၃) နေရာ ဝင်မပြိုင်နိုင်ပါက ပါတီ ဖျက်သိမ်း ခံရနိုင်သည့်အတွက် ကရင်ပြည်နယ် ပြင်ပ(မွန်ပြည်နယ်ကဲ့ သို့သော )နေရာများတွင် ပါတီ ရေရှည်တည်တံ့ရေးအတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP )အမည်ဖြင့် ဝင်ပြိုင်သွားမည်ဟု စောကြည်လင်းက ဖြည့်စွက်ပြောသည်။

ယခုလို ကိုယ်စားလှယ်ခွဲတမ်းကိစ္စအတွက် ဖလုံ-စဝေါ် ဒီမိုကရစ်တစ်ပါတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ဇူလိုင် ၁၁ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းသွားရန် စီစဉ်ထားသည်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီထံမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ် အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ဖလုံ-စဝေါ် ဒီမို ကရက် တစ်ပါ တီ(PSDP)၊ ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံရေး ပါတီ စုစုပေါင်း ၄ ပါတီ ရှိနေသည်။

ကရင်နိုင်ငံရေးပါတီများအနေဖြင့် ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ၉ နေရာ၊ ကရင်ပြည်သူ့ ပါတီ က ၆ နေရာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင်မူ ကရင်ပြည်သူ့ပါတီက တစ်နေရာ အနိုင်ရခဲ့သည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...