ဒေါဆိုရှေ့တောင်သူတွေကို စစ်တပ်က ပြည်နယ်တရားလွှတ်တော်ရုံးမှာ ပြင်ဆင်ချက်တက်

ဒေါဆိုရှေ့တောင်သူတွေကို စစ်တပ်က ပြည်နယ်တရားလွှတ်တော်ရုံးမှာ ပြင်ဆင်ချက်တက်

ကန္တာရဝတီတိုင်း(မ်) — ကယားပြည်နယ် တရားလွှတ်တော်ရုံးက ဒေါဆိုရှေးတောင်သူ တွေဖြစ်တဲ့ ဦးသောမတ်စ်၊ ဦးပါစကွားလယ်၊ ဦးကျော်ကျော်၊ ဦးမာတီးယာ၊ ဦးအိုင်ဗင်၊ ဦးငါးရယ် တို့ကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လည်ဆင့်ခေါ် တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြည်နယ် တရားရုံးမှာ အမှုကို ကြားနာရမှာ ဖြစ်တယ်လို့ ဒေါဆိုရှေ့တောင်သူ တစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပါတယ်။

“၆ ယောက်နာမည်နဲ့ ခေါ်စာရောက်တယ်ပေါ့နော်။ အရင်တရားစွဲတုန်းကဆိုလည်း အဲလိုပဲ ၆ ယောက်ခေါ်တယ်။ သူတို့ကိုရုံးက ခေါ်ရင်တော့ သွားကြမှာပဲ။ တရားဥပဒေနည်းလမ်းကလည်းရှိနေတာကိုး သွားရောက်ဖြေရှင်းဖို့ သွားကြဖို့လည်းရှိတယ်။” လို့ဦးပါးရယ်က ပြောပါတယ်။

အမတ (၃၆၀)ကနေ တရားစွဲဆိုထားတဲ့ ဒေါဆိုရှေးတောင်သူနဲ့ စက်သမား စုစုပေါင်း ၁၉ ဦးကို ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်တာမှာ ချုပ်ရက်နဲ့ ပြန်လည်လွှတ်မြောက်လာပြီး စစ်တပ်ဘက်က မကျေနပ်လို့ ပြန်လည် ပြင်ဆင်ချက်တက်တာဖြစ်ပါတယ်။

အမတ (၃၆၀)တပ်သိမ်းထားတဲ့မြေယာတွေဟာဆိုရင် ၂၀၀၃၊ ၂၀၀၄ခုနှစ်နောက်ပိုင်းမှာမှ တပ်ရင်းလာတည်တဲ့အချိန်မှာ တပ်စခန်းအတွက် တောင်ယာတွေကို ဖယ်ပေးခဲ့ရတာဖြစ်ပြီး လက်ရှိ ဧကမှာ ဧက ၂၀၀ လောက်ပါသွားတယ်လို့သိရပါတယ်။

ဒေါဆိုရှေးတောင်သူတွေအပြင် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာ၊မြေနီကုန်းကျေးရွာ၊ ၃ မိုင် ပကြဲကျေး ရွာက တောင်သူတွေကို လဲ ပြစ်ဒဏ်နည်းလို့ ဆိုပြီး တပ်မတော်ဖက်က ဇွန်လ ၂၅ ရက်နေ့က ကယားပြည်နယ် တရားလွှတ်တော်ရုံးကို ပြင်ဆင်ချက် တက်ထားတာရှိပြီး ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကြားနာဖို့ ရှိပါတယ်။

လွိုင်ကော်မြို့နယ် ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲမှ တောင်သူ ( ၁၉ ) ဦးနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် (၃) ဦးကိုတော့ အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့ကနေ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လအတွင်းက လွိုင်ကော်မြို့နယ်တရားရုံးက ဒဏ်ငွေနဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ကြပြီးဖြစ်ပါတယ်။

အခုလို တောင်သူတွေကို ထပ်မံပြင်ဆင်ချက်တက်တာဟာ တောင်သူတွေမှာ လက်ရှိ စားဝတ်နေရေးအတွက် တောင်ယာတွေကိုတောင် မလုပ်ကိုင်ရတဲ့အပြင် တရားရင်ဆိုင်ရာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်က ပြောပါတယ်။

“ဒီတစ်နှစ်သူတို့ စားဖို့တောင် စိုက်ပျိုးဖို့ ခက်ခဲနေရတာပေါ့နော်။ ဒီလိုချိန်မှာ ထပ်ပြီးတော့ တက်လာတော့ တောင်သူတွေမှာ စိုးရိမ်ကြောင့်ကြနေကြရတယ်။”လို့ ကိုတူရယ်က ပြောပါတယ်။

ကယားပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်မှာ မြန်မာ့ တပ်မတော် (အမတ ၃၅၆၊ ခလရ ၂၅၀၊ အမတ ၃၆၀) တို့က ဗိုလ်မှူး ၂ ဦးနဲ့ ဗိုလ်ကြီး ၆ ဦးက ဒီးမော့ဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်အတွင်းရှိ တောင်သူလယ်သမား ၄၀ ဦးကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...