ဖားကန့် ဝှေခါမှော် မြေစာပုံပြိုကျမှု ညနေထိ သေဆုံးသူ ၁၂၀ ကျော်ရှိ

ဖားကန့် ဝှေခါမှော် မြေစာပုံပြိုကျမှု ညနေထိ သေဆုံးသူ ၁၂၀ ကျော်ရှိ

ဖားကန့် ဝှေခါကျေးရွာတွင် ဇူလိုင် ၂ ရက် မနက် ၈ နာရီခန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ညနေ ၆ နာရီအထိ ၁၂၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

“ခုက ကယ်ဆယ်ရေးလုပ်တဲ့သူတွေရော အားလုံးကပင်ပန်းနေကြပြီဆိုတော့။ ဒီညနေ ၆နာရီမှာ နားခိုင်းလိုက်ပြီ မနက်ဖြန်မှ ထပ်ပြီးဆယ်ဖို့လုပ်မယ်။ တွေ့ပြီးတော့ မဆယ်ရသေးတဲ့အလောင်းတွေလည်း များကြီးရှိနေသေးတဲ့အတွက် မနက်ဖြန်ထပ်ပြီး ဆက်ဆယ်မယ် ဆက်ရှာမယ်။ ဒီနေ့တော့ တစ်နေကုန်လုပ်နေကြတာဆိုတော့ အားလုံးကလည်း ချမ်းနေကြပြီ။ ပင်ပန်းနေကြပြီမို့ နားခိုင်းလိုက်ပြီ။” ဟု ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

 

မိုးရာသီဖြစ်သည့်အတွက် အလောင်းများထားရန် အခက်အခဲဖြစ်နေသည်ဟု ဆက်လက်ပြောဆိုသည်။

“ခုဒီမှာ ဘယ်လောက်ထိ ခက်ခဲဖြစ်နေလဲဆိုရင် အလောင်းထားဖို့နေရာကို မရှိတော့ဘူး။ သုသာန်တစ်ခုလုံးမှာရှိတဲ့ ဇရပ်ရယ် ထားလို့ရတဲ့နေရာအားလုံးထားပြီးပြီ။ ထားစရာနေရာကို မရှိတော့ဘူး ခုချိန်မှာ ယင်ကောင်တွေကလည်း ပေါ်တဲ့ချိန်ဆိုတော့ အလောင်းတွေက ခနနဲ့ပျက်စီးသွားနိုင်တယ်။ အဲတော့ ဖြစ်နိုင်လို့ရှိရင် ပိုင်ရှင်ပေါ်တဲ့ဟာတွေက ကိုယ့်ဟာလေးနဲ့ကို ထုတ်ပြီးတော့ သဂြိုလ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် မနက်ဖြန်ထပ်ပြီး အလောင်းတွေက ဆယ်အုံးမှာဆိုတော့ တော်တော်ခက်မှာ။ ခုကအရမ်းကို ခက်ခဲနေတယ်။ ပိုင်ရှင်မပေါ်တဲ့ဟာတွေကိုတော့ ဒီကအစီစဉ်နဲ့သဂြိုလ်ပေးမှာပါ။” ဟု ဦးတင့်စိုးက ပြောသည်။

ထိခိုက် ဒဏ်ရာရသူများကို ဆေးကုသခံယူစေရန် ဖားကန့်ပြည်သူ့ဆေးရုံတွင် ၄ဦး၊ ဝှေခါတိုက်နယ်ဆေးရုံတွင် ၂၃ ဦး ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက် ယနေ့နံနက် ၆နာရီခန့်တွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုတွင် ရေမဆေးသမား အများဆုံး ၂၀၀ ခန့် သေဆုံးနိုင်ကြောင်း ဖားကန့်ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဖားကန့်ဒေသတွင် မိုးတွင်းကာလ မြေဇာပုံပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမူများ မကြာခဏဆိုသလို ဖြစ်လေ့ရှိသော်လည်း ယခုအကြိမ်မြေပြိုကျမှုတွင် သေဆုံးမူအများဆုံးဖြစ်သည်။

မိုးတွင်းကာလ မြေပြိုခြင်း၊ နွံကန်ကျိုးပေါက်ခြင်းများကြောင့် ထိခိုက်သေဆုံးမူမဖြစ်စေရန် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှလည်း ဇူလှိုင်လ ၁ရက်မှစကာ စက်တင်ဘာလ ၃၀ရက်နေ့ထိ ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ၃လကြာရပ်နားထားရန် ညွှန်ကြားထားသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...