မွန် ၊ ကရင် ၊ တနင်္သာရီအပြင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှာပါ မွန်ညီညွှတ်ရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

မွန် ၊ ကရင် ၊ တနင်္သာရီအပြင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှာပါ မွန်ညီညွှတ်ရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်
ဓါတ်ပုံ - မွန်ညီညွတ်ရေးပါတီ
ဓါတ်ပုံ - မွန်ညီညွတ်ရေးပါတီ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွှတ်ရေးပါတီသည် မွန် ၊ ကရင် ၊ တနင်္သာရီ အပြင် ရန်ကုန် နှင့် ပဲခူးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ညီညွှတ်ရေးပါတီ တာဝန်ရှိသူများက ပြောသည်။

မဲဆန္ဒနယ်အဖြစ် မွန်ပြည်နယ်အတွင်းက ရေး ၊ သံဖြူဇရပ် ၊ မုဒုံ ၊ မော်လမြိုင် ၊ ကျိုက်မရော ၊ ချောင်းဆုံ ၊ ပေါင် နှင့် ကရင်ပြည်နယ်မှာတော့ ဘားအံ ၊ ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီး ၊ တနင်္သာရီတိုင်းမှာတော့ ရေးဖြူ မြို့နယ်တို့မှာ အဓိက ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။

ထို့အပြင် ကိုယ်စားလှယ်လောင်း လျှောက်လွှာအပေါ် မူတည်ပြီး ရန်ကုန်တိုင်းမှာ (၂) နေရာ နဲ့ ပဲခူးတိုင်းမှာ အနည်းဆုံး (၁) နေရာတို့ကိုလည်း ဝင်ရောက် အရွေးချယ်ခံသွားမည်ဟု မွန်ညီညွှတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

“ တိုင်းနဲ့ပြည်နယ် ငါးခုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ် ။ ရန်ကုန်နဲ့ ပဲခူးကတော့ မဲဆန္ဒနယ်အတိအကျ မသိသေးဘူး ဘယ်မြို့နယ်မှာ အဆင်ပြေနိုင်မလဲဆိုတာကို ဒေသခံတွေနဲ့ ညှိနှိုင်းပါအုံးမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိမှာတော့ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို အပြီးသတ်ခေါ်ယူနေပြီး ဗဟိုအဆင့်ကနေ ဇူလိုင်လအကုန်မှာ အပြီးသတ်ရွေးချယ်သွားမည်ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာတော့ ဥပဒေ နဲ့ အဆိုတင်သွင်းမှုဆိုင်ရာ ပညာအရည်အချင်းတွေကို သတ်မှတ်ထားပြီး အရည်အချင်း တန်းတူဖြစ်လျှင် လူငယ်နှင့်အမျိုးသမီးကို ဦးစားပေးမည်ဟု မွန်ညီရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယီတမက ပြောသည်။

“ ကျွန်တော်တို့မှာ မူတစ်ခုရှိတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်လို့ လူကြီးတွေနဲ့ အရည်အချင်း တန်းတူဖြစ်ရင် လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးမယ်”ဟု ၎င်းက ပြောသည်။

ယခုရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၊ မွန်အမျိုးသားပါတီ နှင့် အခြားသော အစုအဖွဲ့များ ပူးပေါင်းပြီး ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် ယခင် ရွေးကောက်ပွဲထက် ပိုပြီးအနိုင်ရလိမ့်မယ်လို့ မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

“ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပါတီတွေက တစ်ပေါင်းတည်းဖြစ်သွားပြီ။ မဲဆန္ဒရှင်တွေက အနိုင်ရ ပါတီကြီးတွေအပေါ် မျှော်မှန်းတာ နည်းသွားပြီး ဒေသခံတိုင်းရင်းသားပါတီတွေအပေါ် ပိုပြီး မဲပေးနိုင်ချေရှိလို့ ယခင် ရွေးကောက်ပွဲထက် ပိုပြီးအနိုင်ရနိုင်တယ်”ဟု မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ဦးမင်းနွယ်က သုံးသပ်သည်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ဇူလိုင်လ (၃၀) ရက်နေ့ စာရင်းတွေအရ မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၇ သိန်း ၃ သောင်းကျော်ရှိပြီး ယခင်ရွေးကောက်ပွဲထက် မဲပေးပိုင်ခွင့်ရှိသူ (၂) သိန်းကျော် တိုးလာသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းကိုတော့ ဩဂုတ်လ (၇)ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...