ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီးနှင့်လူငယ်ကို ဦးစားပေးမည်ဟု မွန်ညီညွှတ်ရေးပါတီ ဆို

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီးနှင့်လူငယ်ကို ဦးစားပေးမည်ဟု မွန်ညီညွှတ်ရေးပါတီ ဆို

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ အမျိုးသမီးနှင့်လူငယ်တွေကို ဦးစားပေးရွေးချယ်သွားမည်ဟု မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) က ပြောသည်။

မွန်ညီညွှတ်ရေးပါတီဟာ အချက် (၁၉) ချက်ပါဝင်တဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး မူဝါဒ ကို ဇွန်လ (၇) ရက်နေ့မှာ ကျင်းပခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့သည်။

အဆိုပါ မူဝါဒမှာတော့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ ဥပဒေပြုရေးဆိုင်ရာ ပညာရပ်များ ၊ အဆိုပြုရေး အသိပညာတွေနှင့် အခြား စံသတ်မှတ်ချက် (၁၉) ချက် ပါဝင်သည်။

ကိုယ်စားလှယ်လောင်းတွေကို ယင်းစံနှုန်းတွေနှင့် ရွေးချယ်ရာမှာ အရည်အချင်းတန်းတူ ဖြစ်နေရင်တော့ အမျိုးသမီးနှင့် လူငယ်တွေကို ဦးစားပေး ရွေးချယ်သွားမည်ဟု မွန်ညီညွှတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

“ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာတော့ လူငယ်နဲ့ အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်ပါရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတော့ မရှိဘူး။ ဒါပေမယ့် လူငယ်နဲ့အမျိုးသမီးကို ဦးစားပေးတဲ့ အနေနဲ့ သူတို့ဟာ အခြားသော ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်လိုက်လို့ အရည်အချင်းတန်းတူ ဖြစ်နေမယ်ဆိုရင် လူငယ်နဲ့ အမျိုးသမီးကို ဦးစားပေးရမယ်ဆိုတဲ့ မူဝါဒတော့ ကျွန်တော့်တို့မှာ ရှိတယ်” ဟု ၎င်းက ပြောသည်။

မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေက အဆိုပြု တင်သွင်းရမှာ ဖြစ်ပြီး ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ အကုန်မှာ အပြီးသတ် ရွေးချယ်သွားမည်ဟု ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ မွန်ညီညွှတ်ရေးပါတီဟာ မွန် ၊ ကရင် ၊ တင်္နသာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတွေမှာ ဝင်ရောက်အရွေးချယ်ခံဖို့ ပြင်ဆင်ထားသည်ဟု သိရသည်။

မွန်ညီညွှတ်ရေးပါတီဟာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ မွန်အမျိုးသားပါတီ နှင့် အခြားအစုအဖွဲ့ (၄) ခုတို့က ၂၀၁၉ ခုနှစ် မေလမှာ မွန်ညီညွှတ်ရေးပါတီအဖြစ် ပေါင်းစည်းခဲ့ကြတာ ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီနည်းတူ NLD ပါတီနှင့် ပြည်သူ့ပါတီတို့ကလည်း လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးရွေးချယ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...