ဇွဲကပင်တောင်တက်ရင်း ပျောက်သွားသည့် တက္ကသိုလ်ကျောင်းသူ တစ်ရက်ကြာအထိ ပြန်မတွေ့သေး

ဇွဲကပင်တောင်တက်ရင်း ပျောက်သွားသည့် တက္ကသိုလ်ကျောင်းသူ တစ်ရက်ကြာအထိ ပြန်မတွေ့သေး

ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်ပေါ်သို့ ဇွန်လ ၂၅ရက်နေ့ ညနေပိုင်းက တက်ရောက်ခဲ့သည့် ဖားအံတက္ကသိုလ်ကျောင်းသူတစ်ဦး ပျောက်ဆုံးသွားခဲ့ရာမှာ ၁ ရက်ကျော်ကြာသည်အထိ ပြန်မတွေ့ရှိသေးဟု သိရသည်။

အဆိုပါ ပျောက်ဆုံးသွားသည့်ကျောင်းသူသည် ဇွဲကပင်တောင်ပေါ်သို့ တစ်ဦးတည်းသာ တက်ရောက်ပြီး ပျောက်ဆုံးသွားသည့်အတွက် ဇွန် ၂၅ ရက်နံနက် ၅ နာရီကျော်မှ စတင်ကာ လူအင်အား ၅၀ ဦးကျော်နှင့်အတူ မြေ တိုင်းကိရိယာဒရုန်းများနှင့် တောင်ပတ်ပြီးရှာဖွေသော်လည်း ညမိုးချုပ်အထိ ပြန်မတွေ့ရှိသေးကြောင်း ကရင် ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီမနက် တောင်ပေါ်တက်ရင်းရှာရင်း သူ့ဖုန်းကိုဆက်တဲ့အခါမှာ အော်တိုအသံတော့ရတယ်။ ၁၁ နာရီ နောက်ပိုင်းမှာ ဆက်သွယ်မှှုဧရိယာပြင်ပတုန့်ပြန်မှှုနောက်ပိုင်းမှာ ဖုန်းလိုင်းအဆက်အသွယ်ပြတ်ခဲ့ပါတယ်။ အ ဆင်းလမ်းတစ်လျှောက်တောင်ကမ်းပါးတွေမှာ ကျနော်တို့အဖွဲ့ရှာရင်း တောင်ခြေကို ညနေ ၄ နာရီကျော် ပြန် ရောက်တယ်။ အဲဒီအချိန်တောင်ပေါ်ကဆင်းလာတဲ့ ဘုရားဖူးတစ်ယောက်က သူ့ဆိုင်ကယ်သော့ကို အမြင့် ပေလေးငါးရာမှာတွေ့တော့ ကျနော်တို့ပြန်တက်ရှာလို့လည်း အချိန်က နောက်ကျသွားပြီး”ဟု ပြောသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသူက တောင်ပေါ်သို့ တစ်ဦးတည်းတက် ရောက်ခဲ့ခြင်းဖြစ်သလို တောင်ပေါ်ကိုလည်းရောက်ရှိကာ တွေ့ရှိသူများ၏ ပြောပြချက်အရ ညနေ ၅နာရီတွင် တောင်ပေါ်မှပြန်လည်ဆင်းသွားခဲ့သည်ဟု ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဆက်ပြော သည်။

၎င်းတက္ကသိုလ်ကျောင်းသူသည် ဇွဲကပင်တောင်၏ အနောင်ဘက်ခြမ်းတွင် တက်ရောက်ခဲ့ခြင်းဖြစ်ရာ သူမ၏ ဆိုင်ကယ်ကိုလည်း တောင်ခြေတွင်အပ်နှံထားပြီး အမြင့်ပေ ၂ ထောင်ခန့်ရှိသည့် ရေတံခွန်နားတွင် အမျိုးသမီး ဖိနပ်တစ်ရံကိုလည်း ရှာဖွေတွေ့ခဲ့သည်ဟု ကယ်ဆယ်ရေးသမားများထံမှ သိရသည်။

ရာသီဥတု အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ယနေ့ရှာဖွေရေးအစီအစဉ် ရပ်နား လိုက်ကာ ဇွန် ၂၇ ရက်နေ့ နံနက် ၅ နာရီတွင် ကယ်ဆယ်ရေးသမားများ၊ ရဲအင်အား၊ နယ်မြေဒေသခံများ၊ လူမှှုရေးအသင်းအဖွဲ့များနှင့် တက္ကသိုလ် ကျောင်းသားများစုပေါင်း၍ တောင်ပေါ်သို့ ရှာဖွေမှု အစီအစဉ်ကို ဆက်လုပ်သွားမည်ဟု သိရသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...