လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကိုယ်ဝန်ဆောင်တွေ ဆေးရုံ၊‌ ဆေးခန်းသွားဖို့ ခက်ခဲနေ

လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကိုယ်ဝန်ဆောင်တွေ ဆေးရုံ၊‌ ဆေးခန်းသွားဖို့ ခက်ခဲနေ

လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆေးရုံဆေးခန်းသွားလာနိုင်ဖို့ အခက်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

"သွားရေးလာတော့ တအားခက်ခဲတယ်လေ။ ဆီဈေးဆိုသိတဲ့အတိုင်းပဲ၊ အမှန်ဆို တစ်လတစ်ခေါက်ပြရမဲ့ဟာကို သုံးလေးလမှ တစ်ခေါက်ပြရတယ်ပေါ့" လို့ ဖယ်ခုံအနောက်ခြမ်းက စစ်‌ ဘေးရှောင်ကိုယ်ဝန်ဆောင် တစ်ဦးကပြောပါတယ်။

ဒါအပြင် လမ်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် ကိုယ်ဝန်ပျက်ကျသူတွေရှိတယ်လို့လည်း သူမက ပြောပြပါတယ်။

ဖယ်ခုံအနောက်ခြမ်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဆေးခန်းတခါသွားပြဖို့ အနီးဆုံးဆေးခန်းဆီကို တစ်နာရီနီးပါး ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ သွားလာရပြီး ဓာတ်မှန်ရိုက်ဖို့ အတွက်ဆိုရင်တော့ ဒီးမော့ဆိုအထိ လေးနာရီကြာ လမ်းကြမ်းကို သွားကြရတာဖြစ်ပါတယ်။

"တကယ်လို့ လမ်းခရီးက ချောမွေ့နေမယ်၊ အဆင်ပြေနေမယ်ဆိုရင်တော့ ပျက်ကျနိုင်ခြေနည်းတယ်ပေါ့။ လမ်းခရီးကကြမ်းတမ်းနေတယ်၊ စီးရတဲ့ယာဉ်တွေက ထော်လာဂျီလိုမျိုး အရမ်းကြီး လှုပ်ခါတဲ့ယာဉ်မျိုးဆိုရင် ကိုယ်ဝန်ပျက်ဖို့အခြေနေများတယ်ပေါ့။ လမ်းခရီးက ကြမ်းတမ်းပြီး ဆေးရုံဆေးခန်းနဲ့ အရမ်းကြီးဝေးနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်ဟာ ပုံမှန်ပြသခွင့်မရတဲ့အတွက် ကိုယ်ဝန်ဆောင်အားဆေးကို မှန်မှန်ကန်ကန် မမှီဝဲနိုင်တဲ့အတွက် ကိုယ်ဝန်ပျက်ကျတာတွေဖြစ်နိုင်တယ်" လို့ ကရင်နီသူနာပြုအစည်းအရုံး(KNA)သားဖွားဆရာမအဖြင့် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ‌ဒေါ်ဖလောရိန်းက ပြောပါတယ်။

ဒါ့အပြင် အဟာချို့တဲ့တာနဲ့ စစ်လက်နက် တိုက်ပွဲ သံတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ လမစေ့ပဲ ကလေးမွေးတာ ကလေးက ပေါင်မပြည့်တာအပြင် အဆိုးဆုံး ကလေးပျက်ကျတဲ့ အခြေအနေအထိ ဖြစ်နိုင်တယ်လို့လည်း ဆက်ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ရှိပြီလို့သိတာနဲ့ နီးစပ်ရာဆေးရုံ၊ဆေးခန်း ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့၊ အာဟာရပြည့်ဝတဲ့ အစာတွေကို စားကြဖို့ နဲ့ အလုပ်ကြမ်းတွေ အရမ်းမလုပ်ကြဖို့ကိုလည်း KNA သားဖွားဆရာမက တိုက်တွန်းပြောဆိုထားပါတယ်။

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...