အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း မြဝတီမြို့မဲဆန္ဒနယ်မှ ဆက်လက်၍ ရွေးကောက်ပွဲဝင်မည်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း မြဝတီမြို့မဲဆန္ဒနယ်မှ ဆက်လက်၍ ရွေးကောက်ပွဲဝင်မည်

နေနော် — ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မြဝတီမြို့မှ ဝင်ရောက်ရွေးချယ်ခံရပြီး လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတာဝန်အား ထမ်းဆောင်လျက်ရှိသည့်် ဦးမန်း ဝင်း ခိုင်သန်းသည် လာမည့် ၂၀၂၀ အောက်တိုဘာလ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မြဝတီမြို့နယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်သွား ဖွယ်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်မှုတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်း ဝင်းခိုင်သန်းမှာ အောက်ခြေမြို့အဆင့် ရွေးချယ်မှုတွင် မြဝတီမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁နေရာ၌ ဝင်ရောက်ရွေးချယ်ရန် စာရင်းပေးသွင်းထားပြီး အောက်ခြေပါတီမှ ပြိုင်ဘက်မရှိ မဲပေးရွေးချယ်ထား ကြောင်း စုံစမ်းသိရှိရသည်။

မြဝတီခရိုင်အတွင်း ယခင် ၂၀၁၅ ခုနှစ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကရင်ပြည်နယ် မဲဆန္ဒနယ်အ မှတ်(၈) တစ်နေရာသာ သတ်မှတ်ထားသော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ နှင့် အမှတ် ၁၂ ဟူ၍ နှစ်နေရာစာ ပြင်ဆင်သတ်မှတ်ထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မြဝတီခရိုင်အတွင်းမှာ ဝင်ရောက်ယှဉ် ပြိုင်သည့် နိုင်ငံရေးပါတီ (၁၂)ပါတီရှိ ပြီး မဲပေးနိုင်သူ လူဦးရေ ၈၉,၀၀၀ ကျော်ရှိကာ မဲရုံပေါင်း ၅၁ ခုရှိသည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မဲရုံ ပေါင်း ၇၈ ရုံဖွင့်လှစ်နိုင်ရန်လျာထားပြီး လက်ရှိကောက်ခံထားသည့်စာရင်းအရ မဲပေးနိုင်သူ လူဦးရေ (၁၁၀, ၀၀၀) ကျော်ရှိပြီးဟု သိရသည်။

လက်ရှိ မြဝတီခရိုင်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး (တ.စ.ည) ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (K.N.D.P)၊ ဖလုံစ ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ၈၈မျိုးဆက်ကျောင်သားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ)  ပြည် ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)၊ မွန်အမျိုးသားပါတီ၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီ ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)နှင့် ၈၈ မျိုးဆက် ညီနောင်ပါတီ စသည့် နိုင်ငံရေးပါတီ ၁၄ ပါတီရှိသည်။

လာမည့် အောက်တိုဘာလတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ၎င်းပါတီအသီးသီး ၏ မူဝါဒအရ ပါတီတွင်းကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုများ ဆောင်ရွက်လျက်ရှိသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...