ရေးမြို့နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံတိုးရန်လျာထား

ရေးမြို့နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံတိုးရန်လျာထား
ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (သတင်း/ဓါတ်ပုံ - ရဲနိုင်)
ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (သတင်း/ဓါတ်ပုံ - ရဲနိုင်)

ရေးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲရုံ ၁၁၀ ရုံရှိရာက လာမည့်ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံ ထပ်မံတိုးမြှင့်ရန်လျာထားကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်။

ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးညီသွေးက '' မဲရုံက အတိုးအလျော့ရှိနိုင်ပါသေးတယ်၊ လက်ရှိအနေနဲ့ကတော့ မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာသတ်မှတ်လျာထားတာတွေ၊ မဲဆန္ဒရှင်စာရင်းပြင်ဆင်ဖြည့်စွက်ပယ်ဖျက်တာတွေကတော့ လစဉ်ဆောင်ရွက်နေပါတယ် '' ဟု သံလွင်တိုင်းမ်ကို ပြောသည်။

လက်ရှိအချိန်အထိ ကောက်ခံရရှိသော မဲပေးခွင့်ရှိသူဦးရေ ၂၀၃၉၃၉ ဦးရှိပြီး ၂၁၀၀၀၀ ကျော်ရှိလာမည်ဟု ခန့်မှန်းထားကြောင်းနှင့် ယင်းတို့အထဲတွင် ပထမအကြိမ်မဲပေးမည့်သူ ၃၀၀၀၀ ကျော် ပါဝင်လာနိုင်ကြောင်း သိရသည်။

''တပ်မဲရုံဆောင်ရွက်မှုအခြေအနေကတော့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နဲ့အညီဖြစ်စေဖို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနဲ့ ညှိနှိုင်းဆဲဖြစ်ပါတယ် " လို့ ဦးညီသွေးက ပြောကြားသည်။

ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်(၁)ဦး၊ ပြည်နယ်လွှတ်တော်(၁)ဦး အနိုင်ရရှိထားပြီး မွန်အမျိုးသားပါတီက အမျိုးသားလွတ်တော်(၁)ဦး ပြည်နယ်လွှတ်တော် (၁)ဦး အနိုင်ရရှိထားသည်။

ရေးမြို့နယ်အတွင်း ပါတီများအနေဖြင့် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တီပါတီ စုစုပေါင်း ၇ ပါတီရှိကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်၊။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...