မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုလာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး (၁၂) ဦး ရှိသည့်အနက် ယင်းတို့ထဲက (၁၀) ဦးကတော့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ပါဝင်နေကြောင်းလည်း သိရသည်။

ယင်းတို့ထဲက ပို့ဆောင်ဆက်သွယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးထွန်းဌေးကလွဲလျှင် ဝန်ကြီးချုပ်အပါအဝင် ကျန်ဝန်ကြီးအားလုံး လာမည့်ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးချယ်ခံသွားမည်ဟု သိရသည်။

“ ဦးထွန်းဌေးတော့ မပါတော့ဘူး ကျန်တဲ့ဝန်ကြီးတွေကတော့ အရွေးချယ်ခံမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်ကပြောသည်။

ဝင်ရောက် အရွေးချယ်ခံမည့် ဝန်ကြီးတွေကတော့ ယခင်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့မဲဆန္ဒနယ်တွေမှာသာ အရွေးချယ်ခံဖို့ ပြင်ဆင်သွားမည်ဟု သိရသည်။

အစိုးရအဖွဲ့ထဲက မွန်ညီညွှတ်ရေးပါတီကိုယ်စားပြုသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းကတော့ ပါတီက တာဝန်ပေးမှသာ အရွေးချယ်ခံ မခံ ကိုဆုံးဖြတ်သွားမည်ဟု ဆိုသည်။

မွန်ပြည်နယ်လွှတ်တော်၏ ဥက္ကဌလည်းဖြစ်သည့် ဒေါ်တင်အိကတော့ အသက်အရွယ်အရ လာမည့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ဟု သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားသည်။

မွန်ပြည်နယ်တွင် အင်အားကြီးပါတီများ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ကိုယ်စားလှယ်လောင်းတွေကို ဒီလကုန် အပြီးသတ် ရွေးချယ်ဖို့ ပြင်ဆင်နေကြပြီး မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က ဇူလိုင်လအကုန်မှာ အပြီးသတ် ရွေးချယ်သွားမည်ဟု သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူကတော့ လူဦးရေ (၁၇) သိန်းကျော် ရှိပြီး တစ်သိန်းကျော်ကတော့ ယခုနှစ်မှ စတင် ဆန္ဒမဲပေးမည့် လူငယ်များ ဖြစ်သည်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...