မုဒုံမြို့တွင် ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မုဒုံမြို့တွင် ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းတွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းမှ သိရသည်။

သတင်းအရ ပြည်နယ်မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့မှ ဒုရဲမှူး လင်းထူး၊ မွန်ပြည်နယ်မှုခင်းအကူဌာနမှ ရဲအုပ် ဇော်ထိုက်၊ မော်လမြိုင်ခရိုင်မှုခင်းဌာနမှ ရဲအုပ်စောကိုကို၊ မုဒုံမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းအောင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရစောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်မှ မုဒုံမြို့ဘက်သို့လာသောကုန်ကားပေါ်မှ အထုပ်ကြီး(၁)ထုပ်အားထမ်းပြီးဆင်းလာသည့် ကြိုတင်သတင်းရရှိထားသူ မြို့မ(၂)ရပ်ကွက်နေ အောင်အောင် (၃၉)နှစ်အား စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့သည်။

ထိုသို့ရှာဖွေစဉ် လက်ဆွဲပီနံအိတ်အတွင်း အထုပ်များဖြင့်ထုတ်ပိုးထားသော ကာလတန်ဖိုး ကျပ်(၉၆၈၀)သိန်းရှိ စိတ်ကြွဆေးပြားစုစုပေါင်း ၁၃၉၆၀၀ ပြား၊ (အလေးချိန်-၁၃၉၆၀ ဂရမ်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်သေများရှေ့တွင် အောင်အောင်အားမေးမြန်းရာ သိန်းကမ္ဘာမိုတယ်တွင်တည်းခိုနေသည့် ဥက္ကာဇော်ထံ လာရောက်ပို့ပေးခြင်းဖြစ်ကြောင်းသိရှိရ၍ မိုတယ်တွင်တည်းခိုနေသူ ဆီဆိုင်ကျေးရွာ၊ ကိုးန၀င်းကျောင်းနေ ဥက္ကာဇော်အားမေးမြန်းရာ မိမိမှာယူသဖြင့် လာပို့သောပစ္စည်းမှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အောင်အောင်နှင့် ဥက္ကာဇော်တို့အား မုဒုံမြို့မရဲစခန်းက မယ(ပ)၄၅/၂၀၂၀၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ရဲနိုင်

ဓာတ်ပုံ-CJ
June 22, 2026
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု...
June 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique...
June 19, 2026
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ...
June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...