တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ရပ်ကျေးဆိုင်းဘုတ်များဖြုတ်ချရေး ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ဖိအားပေးခဲ့ဟုဆို

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ရပ်ကျေးဆိုင်းဘုတ်များဖြုတ်ချရေး ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ဖိအားပေးခဲ့ဟုဆို
ခန္တီးမြို့နယ်ရှိ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုင်းဘုတ်ကိုတွေ့ရစဉ် (Photo- Shanni Voice)
ခန္တီးမြို့နယ်ရှိ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုင်းဘုတ်ကိုတွေ့ရစဉ် (Photo- Shanni Voice)

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ၏ ခန္တီး မြို့နယ်ရှိ ရပ်ကျေးဆိုင်းဘုတ်များဖြုတ်ချရေးကို ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ဖိအားပေးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်သည် ခန္တီးမြို့နယ် လင်းဖားကျေးရွာအုပ်စု မိုင်းနောင်ကျေးရွာတွင် မတ်လ(၁၅) ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNDP ပါတီမှ သိရသည်။

“ မိုင်းနောင်ကျေးရွာမှာ ဖိအားပေးအတင်းပြောဆိုတဲ့အခါကျတော့ ပါတီဆိုင်းဘုတ်ဖြုတ်ကျသွားတဲ့အထိ ဖြစ်သွားတာပေါ့ ၊ ကျွန်တော်တို့ ကော်မရှင်ကိုတိုင်ထားတယ်” ဟု ခန္တီးမြို့နယ် TNDP ပါတီဥက္ကဌ ဦးစိုင်းဘိုဘိုအောင်က ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ခန္တီးခရိုင်ရွေးကောက်ပွဲကော်မရှင်ကလည်း ဖြေရှင်းဆောင်ရွက်ရန်အတွက် မေလ ၂၉ ရက်စွဲဖြင့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီကို အကြောင်းကြားထားသည်။

ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားသည့် စာတွင် TNDP ပါတီ၏ဆိုင်းဘုတ်ဖြုတ်ချရန်ဖိအားပေးနှင့် လူမျိုးရေးကိစ္စရပ်များစည်းရုံးဟောပြောခဲ့မှုများ ကိုဖြေရှင်းရန်အတွက် ဇွန်လ(၂) ရက်နေ့ကို ချိန်းဆိုထားသည်။

“ စာကတော့ ထွက်ခဲ့တယ် ။ လောလောဆယ်တော့ ကိုဗစ်ကိစ္စပဲဝိုင်းပြီးတော့လုပ်နေတော့လေ ။ ဒါပေမယ့် (၁) ရက်နေ့ကတော့သွားမှာပါ ။ ဘာမှတော့ပြောစရာမရှိပါဘူး ဆိုလိုတာက ဒီတိုင်းရင်းသားပါတီသေးသေးလေး တွေကြားထဲမှာ ဒီလိုလုပ်နည်းမျိုးက တို့အကြီးကြီးမျှော်လင့်ထားတာ” ဟု ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ် ရေးပါတီမှ ကိုစိုင်းနိုင်နိုင်ကျော်က ပြောသည်။

ရှမ်းနီ(တိုင်းလျှန်)သွေးစည်းညီညွတ်ရေးပါတီက ထိုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားထားသည့်အတိုင်း ခန္တီးမြို့တွင် သွားရောက်ဖြေရှင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီသည် ခန္တီးမြို့နယ်ထဲတွင် ပါတီဆိုင်းဘုတ်စိုက်ထူထားခြင်း မရှိသေးကြောင်း သိရသည်။

ခန္တီးမြို့နယ်တွင် TNDP ပါတီသည် မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျေးရွာအုပ်စု (၁၃) ခုတွင် ပါတီဆိုင်းဘုတ်စိုက်ထူထားပြီး ပါတီဝင်အာအားခုနှစ်ထာင်ခန့်ရှိကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်မြင့်ထံမှ သိရသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...